ချင်ပြည်နယ်သည် ဂိုဂူလျောနှင့်
အနီးကပ်ဆုံးဖြစ်ပြီး မဟာမိတ်ဖွဲ့ထားသော
အိမ်နီးချင်းနိုင်ငံများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ အဆင်အပြေဆုံးနှင့် အမြန်ဆုံးသွားနိုင်သည့်လမ်းကြောင်းမှာလည်း ရေလမ်းကြောင်းတစ်ခုသာရှိသည်။ ချင်ပြည်နယ်သို့သွားရာတွင် ရေလမ်းကြောင်းကိုအသုံးပြုပါက အချိန်အားဖြင့်လည်း တစ်ရက်သာကြာသည်။ချင်ပြည်နယ်ထဲသို့ရောက်ပြီဆိုသည်နှင့်
ဝတ်စားဆင်ယင်ပုံနှင့် နေထိုင်စားသောက်ပုံကအစ
ဂိုဂူလျောနှင့်မတူညီစွာအနည်းငယ်ကွဲထွက်နေသည်ကိုတွေ့ရသည်။ဂိုဂူလျောတွင် လက်ဆက်ပွဲကျင်းပပြီးသည်နှင့်
နောက်တစ်ရက်တွင် ချင်မင်းသမီးဇီကိုခေါ်ကာ
နောက်လိုက်များနှင့်တကွ ချင်ပြည်နယ်ကိုသူရောက်လာခဲ့သည်။ရောက်ပြီး နောက်တစ်နေ့မှာဘဲ
ချင်ပြည်နယ်၏အကြီးမားဆုံးသော အခမ်းနားဆုံးသော မင်္ဂလာပွဲကိုထပ်မံကျင်းပခဲ့သည်။ချင်ဘုရင်က သူ၏တစ်ဦးတည်းသော
သမီးတော်ရဲ့မင်္ဂလာပွဲကို
တိုင်းပြည်တစ်ပြည်လုံးနန်းတွင်းသို့
ဖတ်ခေါ်ကာကျွေးမွေးခဲ့သည်။ထိုနေ့မှာဘဲ Sehun အား
ချင်ဘုရင်၏သားမက်၊ ချင်ပြည်နယ်၏
တော်ဝင်မိသားစုဝင်အဖြစ်ကြေညာစာရင်းသွင်းခဲ့သည်။ ယခုဆိုလျှင် သူသည် အမတ်တစ်ယောက်၏သား Oh Sehun ဆိုသောဂုဏ်ပုဒ်တစ်ခုတင် မဟုတ်တော့။
ဂိုဂူလျောအမတ်ကြီး၏သား၊ ချင်ဘုရင်၏သားမက်Oh Sehun ဖြစ်လာခဲ့ပြီ။ ထိုသို့ဖြစ်လာသည်နှင့်တပြိုင်နက် သူ့အာဏာသည်လည်း ချင်ပြည်နယ်တစ်ခွင်တွင် ချင်ဘုရင်နီးပါးကြီးမားလာခဲ့သည်။"ဆိုတော့ ကျနော်တို့ တစ်ချို့ဆွေးနွေးစရာလေးတွေကိုဘယ်တော့စကြမလဲ? ချင်မင်းကြီး "
နန်းရင်ပြင်တွင်ကပြနေသော ဖျော်ဖြေမှုကို
အားလုံးကြည့်နေကြစဉ် Sehun ၏ရုတ်တရက်အမေးကြောင့် ချင်ဘုရင်အပါအဝင် သူ့အဖေရယ် သူ့ဇနီးအသစ်စက်စက်တို့ရယ်က သူ့ကိုလှည့်ကြည့်လာကြတော့သည်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "