သခင်နှင့်တွေ့ချင်လွန်း၍
လွမ်းဆွတ်လွန်း၍
စခန်းအထိလိုက်လာပါသော်လည်း
ဖြစ်လာသောအခြေအနေတွေကြောင့်
Luhan သခင့်အနားမှာရှိမနေရပါ။သီးသန့်ယာယီတဲတစ်ခုတွင် ထိုင်နေရသည်ကိုက
အဓိပ္ပါယ်မရှိဟုထင်မိသည်။။သခင့်နှင့်အနီးဆုံးကိုရောက်လာတာတောင် အဝေးသို့ပို့ထားခြင်းခံရသည်။စခန်းသို့ရောက်လာသောဧည့်သည်တစ်ယောက်လိုခံစားရသည်။ သီးသန့် တဲထဲတွင် ခြောက်ကပ်ကပ်ညနေစာ စားပွဲနှင့်အတူအထီးကျန်စွာထိုင်နေရသည့်အဖြစ်။သူနဲ့သခင့်အကြား
ဘယ်အချိန်ကစလို့ဘာတွေလွဲမှားခဲ့မှန်းမသိတော့ပါ။သေချာတာကတော့ သူသည်
သခင်နှင့်တဖြေးဖြေးအဝေးကိုရောက်နေခဲ့ပြီ။
အဝေးကိုရောက်နေတိုင်း သခင့်ကိုထိုင်မျှော်နေရုံဖြင့်ကိစ္စတွေကပြေလည်သွားနိုင်မည်မဟုတ်ကြောင်းကို Luhan သိသည်။သူတို့ကြားမှာဖြစ်ပျက်ခဲ့တာတွေက သာမန်ကိစ္စအသေးအမွှားလေးတွေမှမဟုတ်ဘဲ။ ဒီလိုနဲ့ ရောက်နေတဲ့နေရာမှာဘဲ နှစ်ယောက်လုံးရပ်နေကြရင် ဘယ်တော့မှပြန်ပြီးနီးစပ်နိုင်တော့မှာတဲ့လဲ?ဟုတ်တယ်...
သူ့ဘက်ကဘဲ အမြဲ
သခင့်ကိုစောင့်နေလို့မရဘူး
သူကိုယ်တိုင်ကလည်း သခင့်အနားကိုရောက်ဖို့
ကြိုးစားရမယ်!!ဒုန်းဒုန်းကျနေသောစိတ်အစဉ်ကို
ပြန်ဆွဲတင်ရင်း ထိုင်နေရာမှထရပ်လိုက်သည်။
ထို့နောက် သခင့် တဲရှိရာဆီထွက်လာခဲ့တော့
စခန်းတစ်ခုလုံးသည် အမှောင်ဖြင့်ဖုံးလွှမ်းခြင်းခံထားရသည့်အချိန်ဖြစ်နေပြီ။မီးတုတ်ကိုယ်စီကိုင်ကာ ကင်းလှည့်နေသောအစောင့်တပ်သားများကလွဲ၍ရဲမက်တွေလည်း အိပ်စက်နေကြပြီ။ Luhan တဲထဲမှထွက်လာလာချင်း အပြင်မှာရပ်စောင့်နေသော Yukhei က ချက်ချင်းဘေးကိုရောက်လာတာမို့"သခင့်ဆီသွားမယ် "
ခေါင်းတစ်ချက်ငြိမ့်ရင်း
နောက်မှကပ်ပါလာသော Yukhei နှင့်အတူ
သခင့်၏တဲရှေ့ကိုရောက်လာခဲ့သည်။
ထိုအချိန် တဲအတွင်းမှထွက်လာသော
ကောင်လေး.......
VOCÊ ESTÁ LENDO
Master Of The Prince
Ficção HistóricaOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "