Part-36

11.3K 1K 145
                                    

မနက်စောစောကျင်းပပြီးစီးသွားတဲ့ညီလာခံအဆုံးမှာ ခမ်းမအတွင်းမှထွက်​ခွာလာ​သော Sehun ၏​နောက်​သို့ Sehun ၏အ​ဖေ တရား​ရေးရာအမတ်​ချုပ်ကြီး လိုက်​ပါ​လာ​လေသည်​။

"ဘာ​ပြောစရာကျန်​​သေးလို့
လိုက်​လာတာလဲ အ​ဖေ? "

အမတ်​ကြီးရဲ့မျက်​နှာကဆိုးဆိုးရွားရွားပျက်​ယွင်း​နေပြီး အနားမှာအထိန်း​တော်​​တွေကလွဲပြီးဘယ်​သူမှမရှိတာမို့ Sehun အား သားတစ်​​ယောက်​အ​နေနဲ့​သောစကားကိုသာသုံးနှုန်းပြီး​ပြောလိုက်​သည်​။

" နား​နေ​ဆောင်​မှာ ခဏစကား​ပြောကြရ​အောင်​Sehun "

Sehun တရား​ရေးအမတ်​ကြီးနဲ့အတူ
ညီလာခံခမ်းမ၏အ​နောက်​ဘက်​ နား​နေ​ဆောင်​ကို​ရောက်​လာခဲ့သည်​။

" Sehun... မင်းဘာ​တွေလုပ်​​နေတာလဲ? "

နား​နေ​ဆောင်​၏အခန်းတစ်​ခုတွင်
အမတ်​ကြီးနှင့်​Sehun သာရှိပြီး
အမတ်​ကြီးက ​ဒေါသကိုမထိန်းထား​တော့ဘဲ
အော်​​မေးလိုက်​သည်​။

"ဒီ​နေ့ ညီလာခံမှာ မင်းဘာ​တွေ​ပြောသွားတာလဲ?ဟမ်​!??....အကျယ်​ချုပ်​ကျ​နေတဲ့မိဖုရားကြီးကို နန်းတွင်းထဲပြန်​​ခေါ်မယ်​ဆိုတာ ဘာစကားလဲ?Sehun!! "

"အ​ဖေ​ကြားခဲ့တဲ့အတိုင်းပါဘဲ....အရင်​မိဖုရားကြီးကိုနန်း​တော်​ထဲပြန်​​ခေါ်မယ်​... "

" ဘာလို့လဲ?...မင်းသား Han က​တောင်းဆိုလို့လား?...သူ့အ​မေကို အကျယ်​ချုပ်​ကလွှတ်​​ပေးဖို့​တောင်းဆိုလို့လား? ဟုတ်လား!!
Oh Sehun! မင်းရူး​နေတာလား?ဟမ်​!...အကျယ်​ချုပ်​ချထားတာ နှစ်​လ​တောင်​မပြည့်​​သေးတဲ့ အရင်​ဘုရင်​ရဲ့မိဖုရားကို မင်းကဘာ​ကြောင့်​နန်း​တော်​ထဲပြန်​​ခေါ်ရမှာလဲ​ပြောစမ်းး!!"

"......"

"​ယောက်ျားတစ်​​ယောက်​အတွက်​နဲ့ ပြည်​သူ​တွေက မင်းကိုအသုံးမကျတဲ့ဘုရင်​တစ်​​ယောက်​လို့မြင်​သွား​အောင်​လုပ်​​နေတာလား? တစ်​သက်​တစ်​ကျွန်းအကျယ်​ချုပ်​ချထားတဲ့ အပြစ်​သားကို အပြစ်​​ပေးထားတာ ဘယ်​​လောက်​မှမကြာ​သေးဘဲလွှတ်​​ပေးလိုက်​ရင်​ ပြည်​သူ​တွေကမင်းကိုဘယ်​လိုဘုရင်​လို့မြင်​ကြမလဲ?မင်းကိုဘယ်လို​လုပ်​ ​ကြောက်ရွံ့ ​​​ကြ​တော့မလဲ? Sehun!! "

Master Of The PrinceWhere stories live. Discover now