Part-33

13K 1.2K 105
                                    


"Han... "

ရုတ်​တရက်​​တစ်​ဖက်​ကိုလှည့်​သွား​သော Han။

နန်းရင်​ပြင်​အတွင်းထဲဝင်​လာကတည်းက
လာကြိုဆိုကြ​သောလူများအကြား ပုံရိပ်​​လေးတစ်​ခုကို သူ ရှာ​နေခဲ့တာ....မိဖုရားဇီရဲ့အနားကို​ရောက်​လာတဲ့အထိ Han ကိုမ​တွေ့ရ​သေး။ဘေးပတ်​လည်ကိုလိုက်​ရှာကြည့်​ရင်းမှ ​​ခပ်​လှမ်းလှမ်းကအ​ဆောင်​တစ်​ခုရဲ့​ဘေးနားမှာရပ်​​နေတာကိုမြင်​သွား​တော့ Han က သူ့ ကို​ကျော​ပေးသွားခဲ့သည်​။

"မင်းကြီး!"

Han ရပ်​​နေ​သောထိုအ​ဆောင်​နားသို့်လိုက်​သွားမည်​ပြင်​တဲ့အခါ မိဖုရားဇီကသူ့ကို တစ်​ခုခု​ပြောရန်​​ခေါ်လိုက်​တာမို့ သူလှည့်​ကြည့်​လိုက်​​တော့

"ကျမ ​အ​ရေးကြီးတာတစ်​ခု​ပြောစရာရှိတယ်
ကျမရဲ့အ​ဆောင်​ကိုအရင်​လိုက်​ခဲ့ပါ "

မိဖုရားဇီရဲ့မျက်​လုံးများက
တည်​ငြိမ်ကာ ​လေးနက်​​နေသည်​။
အလွန်​အ​ရေးကြီး​သောကိစ္စတစ်​ခုဖြစ်​မည်​ဆိုတာ
သူမရဲ့အသံအရ သတိထားမိလိုက်​တာမို့
Han ​ရဲ့​အနောက်​ကိုလိုက်​သွားမည့်​​ခြေလှမ်းများကို သံ​ယောဇဉ်​မပြတ်​စွာနဲ့ဘဲ ​နောက်​ပြန်​ဆုတ်​ကာ မိဖုရားဇီဦး​ဆောင်​ရာ​နောက်​သို့လိုက်​ပါခဲ့​တော့သည်​။

မိဖုရားဇီရဲ့အ​ဆောင်​​ရှေ့ကို​ရောက်​လာတဲ့အခါ
မင်းကြီးက​ရှေ့မှဝင်​သွားပြီး
မင်းကြီး၏​နောက်​မှ လိုက်​ပါလာကာ
အ​ဆောင်​ထဲအထိဝင်​မည်​လုပ်​​နေ​သော
ကောင်​ငယ်​​လေးတစ်​​ယောက်​အား မိဖုရားဇီတားလိုက်​သည်​။

ထိုအခါ ​ကောင်​​လေးက မျက်​လုံး​ထောင့်​ကပ်​လျက်
ရိုင်းစိုင်းစွာ​မော့ကြည့်​လာ​​လေသည်​။
အချိုးမ​ပြေ​သောထို​ကောင်​​လေးအား
သူမ ခပ်​စူးစူးစိုက်​ကြည့်​လိုက်​ပြီး

"အပြင်​မှာ​နေခဲ့! "

ခပ်​မာမာအမိန့်​​ပေးလိုက်​တာကို​တောင်
နာခံချင်​ပုံမ​​ပေါ်​သေးတာ​ကြောင့်
Yukhei အား ထို​ကောင်​​လေးကို​စောင့်​​ကြည့်​ထားဖို့ သူမ မျက်​လုံးဖြင့်​အသိ​ပေးခဲ့လိုက်​ရသည်​။

Master Of The PrinceWhere stories live. Discover now