နန်းတော်၏ဂိတ်တံခါးဝတွင်
လာတားသောအစောင့်ရဲမက်အား
နန်းတွင်းဝင်ခွင့်တံဆိပ်ကပ်ပြားကို
ပြပြီး စစ်မှုရေးရာအမတ်ကြီးခိုင်းသော
အရေးပေါ် အလုပ်ဟု အကြောင်းပြကာ
နန်းတွင်းကိုဝင်လာခဲ့လိုက်သည်။မြင်းကို စစ်မှုရေးရာဌာနရှေ့တွင်
ချည်နှောင်ခဲ့ပြီး မင်းသားတွေရဲ့အဆောင်ဆီ
ခပ်မြန်မြန်ထွက်လာခဲ့လိုက်တော့လမ်းတစ်နေရာအရောက်
"အိပ်ဆေးကို သမားတော်ကြီးဆီကသွားယူခဲ့လိုက်
LuHan မင်းသားအတွက်လို့သေချာလည်းပြောဦး....လွဲမယူခဲ့နဲ့ ""ဟုတ်ကဲ့အထိန်းတော်ကြီး "
ထိုနန်းတွင်းအပျိုတော် သူ့အနားရောက်မလာခင်
သစ်ပင်အကွယ်တွင်ခဏရပ်ကာပုန်းလိုက်သည်။
မှာစရာရှိတာမှာပြီးသောအထိန်းတော်ကြီးကတော့
တစ်ဖက်လမ်းကိုပြန်လျှောက်သွားလေပြီ။သူတို့ပြောသောစကားအရ
LuHan မင်းသားအတွက်ဆေးဟုကြားလိုက်တာမို့ ထိုအထိန်းတော်နှင့်အပျိုတော်မှာ
LuHan မင်းသား၏အဆောင်ကဖြစ်မည်။Sehun ပုန်းလျှိုးကွယ်လျှိုး ဖြင့်
ထိုအထိန်းတော်ကြီး၏နောက်သို့လိုက်လာခဲ့တော့
နန်းဆောင်ကိုရောက်လေသည်။
သို့သော် အဆောင်ရှေ့တွင်ချထားသော
အစောင့်ရဲမက်များကြောင့် အနားကပ်ဖို့ပင်
မလွယ်ကူသည့်အခြေအနေ။
အဆောင်တံခါးဝရှေ့တွင်လည်း ရပ်နေကြသောကုန်းကုန်းတွေရှိသေးသည်။အုတ်တံတိုင်းအကွယ်တွင်ရပ်ကာ
အဆောင်၏တည်ဆောက်ပုံအခြေအနေကို
အနည်းငယ်လေ့လာလိုက်ပြီးမှ
အစောင့်ချထားသောဘက်၏ဆန့်ကျင်ဘက်သို့
ဖြေးဖြေးချင်း ချဉ်းကပ်သွားလိုက်သည်။အဆောင်၏ညာဘက်ဘေးသို့ရောက်လာတော့
ကျောပေးကာရပ်နေသောအစောင့်များ
အလစ်တွင်အုတ်တံတိုင်းကိုလွှားခနဲကျော်ကာ
ဝင်လိုက်သည်။မြေပြင်ပေါ်ပြန်အကျမှာလည်း
အသံတစ်သံမကြားစေရသည်ထိ ပိပိရိရိ။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "