Part-24

11.1K 1.2K 245
                                    

"မင်းသား Han!!! အခု ဘာ​ပြောလိုက်​တာလဲ?"

မယုံနိုင်​သလိုတအံ့တသြ​မော့ကြည့်​လာ​သော
မိဖုရားဇီအား ​ကျော​ပေးရပ်​လိုက်​ပြီး​နောက်

"မင်းကြီးရဲ့မျိုးဆက်​ကို​မွေးဖို့ပါ ​မိဖုရားဇီ "

" ရှင်​?....မဟုတ်​....ဒါ မဟုတ်​​သေးဘူး​လေ "

"မိဖုရားဇီက တိုင်းပြည်​ရဲ့မိခင်​ပါ
မင်းကြီးရဲ့ တရားဝင်​မိဖုရားတစ်​ပါးလည်းဖြစ်​တယ်​....တိုင်းပြည်​ရဲ့အနာဂတ်​အတွက်​ နန်းလျာကို​မွေး​ပေးရမှာထုံးစံပါဘဲ "

"မင်းသား....မင်းကြီးနဲ့တစ်​ခုခုဖြစ်​လာလို့် လား? ဟုတ်​တယ်​မလား? တစ်​ခုခုမ​ပြေလည်​တာရှိရင်​ ကျမတို့​ဖြေး​ဖြေးချင်းညှိပြီး​ဖြေရှင်းလို့ရပါတယ်
"

သခင်​နဲ့ရန်​ဖြစ်​လာ၍
ထိုစကားများကို လာ​ပြောသည်​ကိုသူမက
ယူဆကာ သခင်​နှင့်​​ပြေလည်​​အောင်
လုပ်​ဖို့​ပြော​နေ​လေသည်​။

" ကျ​နော်​တို့ဘာပြသနာမှဖြစ်​ထားလို့မဟုတ်​ဖူး မိဖုရားဇီ......မင်းကြီးကတိုင်းပြည်​ရဲ့ရှင်​ဘုရင်​ဖြစ်​လာပြီ။ တိုင်းပြည်​ရဲ့  အနာဂတ်​အတွက်​ နန်းလျာ​မွေးရမှာတာဝန်​တစ်​ခုဘဲ! မ​မွေးလို့မရဘူး!"

မိဖုရားဇီကိုနားဝင်​​အောင်​ပြော​နေရ​သော
သူ့​လေသံသည်​ခပ်​မာမာဖြစ်​​နေ​သော်​လည်း
မိဖုရားဇီက​တော့ဖြင့်​​ခေါင်းကိုခါရမ်းရင်း

" မဟုတ်​ဖူး! ကျမ မင်းသားတို့အ​ကြောင်းကိုမသိတာမှမဟုတ်​ဘဲ.... ဒီကိစ္စကိုဘာလို့လက်​ခံရမှာလဲ? မင်းသားHan ကိုလည်း​ပြောဖူးပါတယ်​ ကျမ မင်းကြီးနဲ့မင်းသားတို့ကြားကို
ဘယ်​​တော့မှကန့်​လန့်​ဝင်​မှာမဟုတ်​ဖူး! "

"တိုင်းပြည်​ရဲ့မိဖုရား​ခေါင်​ကြီးဖြစ်​လျက်​နဲ့
ဒီကိစ္စကိုလက်​မခံလို့မရဘူး မိဖုရားဇီ!!!! "

သူတို့နှစ်​​ယောက်​စကား​ပြောနေ​သောအခန်းထဲသို့
ဝင်​လာ​သော အမတ်​ကြီး.............

"အမတ်​ကြီး! "

အမတ်​ကြီးက သူတို့နှစ်​​ယောက်​အနားသို့​ရောက်​လာပြီး မိဖုရားဇီကို ဦးတစ်​ချက်​ညွတ်​ကာ

Master Of The PrinceWhere stories live. Discover now