Part-54

9.7K 1K 124
                                    

ဝမ်​ပြည်​နယ်​မှဂို​ဂူ​ယောသို့အပြန်​ခရီးသည်
လမ်းခုလတ်​တွင်​ တစ်​ထောက်​သာနားပြီိး
မပြတ်​ခရီးနှင်​ခဲ့​သော​ကြောင့်​ သုံးရက်​​မြောက်​​နေ့ ည​ပိုင်းတွင်​ မြို့​တော်​သို့ဆိုက်​​ရောက်​ခဲ့၏။

Sehun က ပြန်​​ရောက်​လျှင်​​ရောက်​ချင်း
နန်း​တော်​သို့မဝင်​။နန်းပြင်​မှ ဘုရင်​ပိုင်​ အပန်း​ဖြေအိမ်​​တော်​ဆီသွားသည်​။Sehun ပြန်​​ရောက်​ပြီဖြစ်​​ကြောင်းကိုလည်း နန်းတွင်းသို့သတင်းမ​ပေးခိုင်း​သေး။အိမ်​​တော်​ကို​စောင့်​​ရှောက်​ရန်​ ကိုယ်​ရံ​တော်​ရဲမက်​အနည်းငယ်​ထားခဲ့ခိုင်းပြီး ကျန်​လူများကို မိမိ​နေအိမ်​ဆီပြန်​လွှတ်​လိုက်​သည်​။

ဘုရင်​ပိုင်​အိမ်​​တော်​သည်​ မြို့​တော်​၏အတွင်းပိုင်းမှာတည်​ရှိ​နေခြင်းမဟုတ်​သလို နန်း​တော်​နှင့်​ဆိုလည်းအ​တော်​လှမ်း​သေး၏။" ဂ " ပုံသဏ္ဍာန်​အ​ဆောင်​ကြီးသည်​ ကြီးမားကျယ်​ပြန့်​​သောဝန်းကြီးထဲတွင်​ တည်​ထားခြင်းလည်းဖြစ်​​​သည်​။လာ​လေ့ လာထနည်း​သော​ကြောင့်​ အိမ်​​တော်​၏အ​စောင့်​မှလွဲ၍ တခြား​သောအ​စေခံအမှုထမ်းများလည်း​မရှိ။

Sehun သည်​ ဟန့်​အား နန်း​တော်​ထဲသို့​ချက်ချင်း​​ခေါ်သွင်းဖို့အစီအစဉ်​မရှိ​သေး။အဆိပ်​ခတ်​​သောကိစ္စနှင့်​ပတ်​သက်​ပြီး ဖခင်​၏လုပ်​ရပ်​များကို​စစ်​ဆေး​ကာ ဟန့်​တွင်​အပြစ်​မရှိ​ကြောင်းကို အများသိ​အောင်​ ပြန်​​ဖော်​ထုတ်​ရ​ပေဦးမည်​။
ဘုရင့်အပန်းေ​​ဖြ အိမ်​​တော်​ကြီးသည်​ ဘုရင်​မှလွဲ၍ တခြားသူ​ငှါ နေထိုင်​ဝင်​ထွက်​ခွင့်​မရှိ​သော​ကြောင့်​ ဤအိမ်​တွင်​ ဟန့်​ကိုခဏဖွက်​ထားမည်​ဟုဆုံးဖြတ်​လိုက်​သည်​။ Yukhei ကို​တော့ Sehun ကမြို့​တော်​ထဲသို့မဝင်​စဉ်​ကတည်းကပင်​ တာဝန်​တစ်​ခုနှင့်​အတူ ​နေရာတစ်​​နေရာကို​စေလွှတ်​ထားခဲ့သည်​။

အိမ်​​တော်​၏အလယ်​ပိုင်း
ပင်​မ အခန်း​ဆောင်​တွင်​ဖြစ်​သည်​။

ရေချိုးကန်​သည်
နန်းတွင်းမှ​ရေချိုးကန်​နီးပါး ကျယ်​​သော်​ငြား
အဆင်​သင့်​ပြင်​ဆင်ခင်းကျင်း​ပေးမည့်
အမှုထမ်းအ​ခြွေအရံများမရှိ​သော​ကြောင့်​ ရေထဲတွင်​ ပန်းမာလာရနံ့စုံတို့ ထုံသင်းမ​နေ။

Master Of The PrinceWhere stories live. Discover now