အနည်းငယ်သာကျယ်ဝန်းသော သာမန်အိမ်ကလေးတစ်လုံး၏ ခြံဝန်းထဲတွင် မင်းသားKyungSoo က အထုပ်အပိုးတစ်ချို့ကို ကျောမှာပိုးလျက်ရပ်နေသည်။သူရဲ့ရှေ့တွင်တော့ Han က သူ့အစ်ကိုရဲ့လက်တွေကိုကိုင်ကာ တောင်းတောင်းပန်ပန်ပြောနေပြီး မင်းသားKyungSoo က ပြုံးပြီး ပြန်နှစ်သိမ့်နေသည်။Sehun က ခြံဝန်းထဲသို့်လိုက်မသွားဘဲ သူ့အစ်ကိုတော်နှင့်သွားတွေ့သောဟန့်ကို မျက်စောင်းထိုးက အပင်ကြီးအောက်တွင် ရပ်စောင့်နေသည်။
"အစ်ကိုတော်Kyung ကျေးဇူးပြုပြီးမသွားပါနဲ့လား? "
KyungSoo က ညီတော်ဖြစ်သူရဲ့ မျက်နှာငယ်လေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်သော်ငြား မိမိစိတ်ကိုတော့ဆုံးဖြတ်ပြီးသားဖြစ်နေသည်။
သေဆုံးသွားပြီအထင်နှင့် ငါးနှစ်တာ ဝေးကွာနေရပြ်ီး အခုလိုပြန်တွေ့တာ နှစ်လမပြည့်ချိန်မှာဘဲ သူက ထွက်သွားဖို့ဖြစ်လာသည်။"အစ်ကိုတော်.. အစ်ကိုကြီးXiu ဆီကိုလိုက်သွားချင်လို့ပါ အငယ်ဆုံးလေးရဲ့ "
"အစ်ကိုကြီးကို ဒီကိုပြန်ခေါ်လိုက်မယ်လေ အစ်ကိုတော်Kyung...ကျနော် သခင့်ကို တောင်းဆိုလိုက်မယ်...ဒါဆို အစ်ကိုတော်လည်းလိုက်သွားဖို့မလိုတော့ဘူးလေနော် "
KyungSoo က ခြံပြင်လှမ်းလှမ်းမှာရပ်နေသောSehun ကို တစ်ချက်လှမ်းကြည့်သည်။ထို့နောက် အငယ်ဆုံးလေးရဲ့ လက်ဖဝါးတွေကို သူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"မတောင်းဆိုပါနဲ့တော့ အငယ်ဆုံး
အစ်ကိုတော့်ကို လွှတ်ပေးတာနဲ့တင် သူလုပ်ပေးတာများနေပါပြီ...ပြည်နှင်ဒဏ်ကျနေတဲ့အစ်ကိုကြီးကိုပါ လွှတ်ပေးရမယ်ဆိုရင် အမတ်တွေနဲ့ပြသနာတက်လိမ့်မယ် "ဟုတ်သည်။Sehun က သူ့ကို အခုလိုအကျယ်ချူပ်ကျနေရာမှ တရားဝင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။လောလောလတ်လတ်လေးတင်မှ Sehun ကို ဆန့်ကျင်သောတရားရေးအမတ်ကြီး ပြည်နှင်ဒဏ်ကျသွားတာကိုကြည့်ကာ ဒီတစ်ကြိမ်မှာ အမတ်တွေက Sehun ရဲ့ဆုံးဖြတ်ချက်ကို ဝင်မဆန့်ကျင်ရဲကြဘဲ ငြိမ်နေလိုက်ရသည်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "