Part-10

13.1K 1K 157
                                    

နောက်​ဆုံး အ​ပေါ်ထပ်​ဝတ်​ရုံအပြာအား
လျှိုလိုက်​ပြီး ခါးစည်းကြိုးကိုငုံ့ချည်​​နေစဉ်

"ဝုန်း! "

" အ​မေ့ !"

"​တောင်း!....​တောင်းပန်​ပါတယ်​ သခင်​​လေး Oh "

သူစိမ်း​ယောက်ျား​လေးတစ်​​ယောက်​၏
အခန်းထဲသို့ တံခါးမ​ခေါက်​ အသံမ​ပေးဘဲ
စွတ်​ဝင်​လာ​သောမင်းသမီးဟာ
ဘယ်​လိုမိန်းက​လေးမျိုးဟု သူစိတ်​တိုတိုနှင့်​​တွေးလိုက်​မိသည်​။

သူဝတ်​ရုံလဲ​နေတာကိုသိ​သော်​လည်း
အခန်းပြင်​ပြန်​ထွက်​မသွားဘဲ
သူ့ကို​ကျော​ပေးကာတံခါးနားတွင်​ရပ်​​နေ​လေသည်​။

ဟိုတစ်​​နေ့ကလို ပန်း​ရောင်​ဂါဝန်​ကြီးနဲ့မဟုတ်​​တော့ဘဲ အပြာရင့်​​ရောင်​ ဝတ်​စုံကို​ယောက်ျား​လေးဆန်​ဆန်​ဝတ်​ဆင်​ထား​လေသည်​။
(​မြေ​ခွေးဇာတ်​ကားထဲက Bae Suzy ဝတ်​သလို)

ဘယ်​​လောက်​ဘဲ နန်းဆန်​ဆန်​ မပြုမူတတ်​ဘဲ
လွတ်​လပ်​​ပွင့်လင်း​​စေကာမူ ဤအပြုအမူက​တော့မိန်းက​လေးတစ်​​ယောက်​နှင့်​လွန်​စွာမှမအပ်​စပ်​​ပေ။
တစ်​ချိန်​မှာသူမနဲ့လက်​ထပ်​မည့်​သူဟု​တွေးထားလို့ ဆိုရင်​​တော့မ​ပြောတတ်​။သို့​သော်​ Sehun က​တော့ သူမကိုလက်​ထပ်​လိမ့်​မည်​မဟုတ်​။

ရှေ့ပိုင်းရက်​​တွေက
မြို့ရဲ့အ​ကောင်းဆုံးတည်းခို​ဆောင်​မှာတည်းတာဖြစ်​​ပေမယ့်​ လွန်​ခဲ့တဲ့နှစ်​ရက်​ကမှ
သူ့အ​ဖေရဲ့အိမ်​​တော်​မှာဘဲတည်းမည်​ဆိုပြီး
ပြောင်းလာသည်​ဟုသိခဲ့ရသည်​။

သူသည်​လည်းနန်းတွင်းမှခွင့်​ယူကာ
အိမ်​ပြန်​​ရောက်​​နေသည်​။
ဖခင်​ဖြစ်​သူအမတ်​ကြီးကိုယ်​တိုင်
ခွင့်​ရက်​လာယူသွားခဲ့ခြင်းကို
သူအိမ်​ပြန်​​ရောက်​လာမှသိရ​တော့သည်​။ရည်​ရွယ်​ချက်​က သူ့ကို ဤမင်းသမီးနှင့်​နီးစပ်​​စေချင်​​သော​ကြောင့်​ဖြစ်​သည်​။

အ​ဖေဖြစ်​သူ၏အခန်းတွင်​ဖြစ်​သည်​။
Sehun ရဲ့မိခင်​​ဘေးတွင်​ထိုင်​​နေ​သော
မိန်းက​လေးဇီက လက်​ဖက်​ရည်​ကြမ်းကို
အားလုံးအတွက်​ငှဲ့ထည့်​​ပေး​နေသည်​။

Master Of The PrinceWhere stories live. Discover now