ဘုရင့်အိပ်ဆောင်ရှိ ရေချိုးကန်၌ဖြစ်သည်။
ဘုရင်ရေချိုးမည့်အချိန်ဖြစ်တာမို့ အပျိုတော်တွေစီစဉ်ပေးထားသော ရေကန်က အမွှေးနံ့သာပေါင်းစုံကြိုင်လျက် ဆေးဖက်ဝင်ပန်းပွင့်သစ်ရွက်တစ်ချို့က ပေါလောမျောနေကြသည်။
ရေကန်၏ထိပ်တွင်တော့ Sehun ကဘောင်ကိုကျောပေးမှီကာထိုင်နေပြီး ဘောင်ပေါ်တွင် Han ကဒူးထောက်ထိုင်ကာ Sehun ၏ ဆံပင်ရှည်ကိုဖြီးသင်ပေးနေသည်။Sehun က Han နှင့်ပြန်ပြီးအဆင်ပြေသွားချိန်မှစ၍ သူရေချိုးရာမှာ ကူညီဖို့အပျိုတော်တွေမထားတော့။ပြင်ဆင်ဖို့သာခိုင်းစေပြီး သူ့ကိုကူညီဖို့ကိုတော့ Han ကိုသာအနားကိုခေါ်လေသည်။
ထုံးစည်းထားရာက ဖြေချထားတဲ့ဆံရှည်တွေကို
လျှော်ပေးပြီးတဲ့ Han က သူ့လက်ချောင်းလေးများကိုသုံး၍ Sehun ရဲ့ဦးခေါင်းကို အကြောအချင်ပြေဖို့နှိပ်နယ်ပေးနေသေး၏။"ရတယ် Han မလုပ်နဲ့....ရေထဲဆင်းခဲ့ "
"ကျနော်က ရေချိုးပြီးသားလေ သခင် "
LuHan အမှန်တကယ်လည်းရေချိုးသန့်စင်ပြီးသားမို့ ငြင်းလိုက်သော်ငြား
သခင်က သူ့လက်များကိုရပ်တန့်စေပြီး" လာပါ....ကိုယ်ထူးဆန်းတာတစ်ခုပြမလို့"
ကလေးလေးတစ်ယောက်ကိုညာသလိုမျိုး
လိမ်ခေါ်နေသည်ကိုသိသောHan က
သခင့်ကျောဘက်တွင်အသံတိတ်ပြုံး၍နေသည်။
အဲ့ဒီနောက် မသိချင်ယောင်ဆောင်ကာ သခင်ပြောသောထူးဆန်းသည့်အရာကိုသိချင်သလိုလိုနှင့်ရေထဲသို့ဆင်းလာခဲ့သည်။"ဘယ်မှာလဲ သခင်? "
"ဒီနားကိုတိုးခဲ့ "
သခင်က ရုပ်တည်နှင့် သူ့အနားကိုခေါ်၏။
LuHan ပြုံး၍ တိုးသွားလိုက်တဲ့အခါ
သခင်က သူ့ခါးကိုဖက်တွယ်ရင်း
ရင်ဘတ်ချင်းပူးကပ်သွားသည်ထိဖက်ကာ
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "