Part-55

10.4K 1.1K 120
                                    

Sehun ညီလာခံပြီး၍ အိပ်​​ဆောင်​သို့ပြန်​လာတဲ့အခါ Wei Leng တစ်​​ယောက်​အ​ဆောင်​​ရှေ့မှာ ​ကြိုပြီးရပ်​​စောင့်​​နေတာကို​တွေ့လိုက်​ရသည်​။Wei Leng က သူ့ကိုမြင်​သည်​နှင့်​ ​ရှေ့သို့​အ​ပြေးလာရပ်​ကာ ​ဦးညွတ်​အရိုအ​သေပြု​လေ၏။

"မင်းကြီး "

" မင်းက ဒီကိုဘာလို့​ရောက်​​နေတာလဲ? "

Wei Leng က အပြုံးနုနုနှင့်​အတူ
သူ့လက်​ထဲမှာကိုင်​ထား​သော​သေတ္တာငယ်​ကို​မြှောက်​ပြလာသည်​။

" မင်းကြီးကို ကျန်းမာ​ရေးစစ်​​ဆေးဖို့ သမား​တော်​အကြီးအမှူးကလွှတ်​လိုက်​တာပါ "

Sehun ငြင်းပြီးပြန်​မလွှတ်​​အောင်​ကို
သမား​တော်​ကြီးကလွှတ်​လိုက်​တာဟုထည့်​​ပြောလိုက်​သည်​။

အ​ဆောင်​ထဲတွင်​ Sehun သည်​ ကြမ်းပြင်​၌ခင်းထား​သော​မွေ့ယာ​စောင်​ခင်းထူထူတွင်​ထိုင်​​နေပြီး Wei Leng က သူ့နံ​ဘေး ကြမ်းပြင်​တွင်​ ဒူး​ထောက်​ထိုင်​ကာ Sehun ၏လက်​​ကောက်​ဝတ်​မှ​သွေး​ကြောကိုစမ်းသပ်​​နေ​သည်​။

"ခရီးက​တော်​​တော်​ပင်​ပန်းခဲ့တယ်​ထင်​ပါတယ်​...မင်းကြီး မျက်​နှာ​ချောင်​ကျသွားတယ်​ "

Sehun တခြား​တစ်​​နေရာကို​​တွေငေးကြည့်​​နေရာမှ  Wei Leng ၏စကား​ကြောင့်​ သူ့ကို အကြည့်​တစ်​ချက်​ပို့​လိုက်​သည်​။Wei Leng ၏ ခံစားချက်​တို့လွန်​လွန်​ကဲကဲလျှံကာ ရီ​ဝေညှို့မှိုင်း​နေ​သောမျက်​ဝန်းများကိုမြင်​ရချိန်​မှာ​တော့ Sehun မျက်​နှာကိုတစ်​ဖက်​လွှဲပစ်​ကာ သူကိုင်​ထား​သောမိမိ၏လက်​ကိုလည်းဆွဲထုတ်​လိုက်​​တော့သည်​။

"​စစ်​ဆေးတာပြီးပါပြီ
နေမ​ကောင်းတာမျိုးမရှိပါဘူးမင်းကြီး
ဒါမယ့်​ အားနည်း​နေတယ်​ထင်​လို့ ကျ​နော်​အား​ဆေးယူ​ဆောင်​လာပါတယ်​"

Wei Leng က မူပိုင်​အပြုံးနုနုကို မဖြုတ်​စတမ်းချိတ်​ဆွဲရင်း Sehun ကို​ပြော​နေသည်​။Sehun စာဖတ်​​နေ​သောစားပွဲ​လေး​ပေါ်သို့ ​သေချာဖုံးပိတ်​ထား​သော ​အနက်​​ရောင်​​ဆေးအိုး​လေးတစ်​အိုးကိုတင်​​ပေးရင်း

Master Of The PrinceWhere stories live. Discover now