ပြဇာတ်ထဲမှ မင်းသမီးကိုသနားပြီး
မိန်းကလေးဇီကမျက်ရည်ကျနေတာကြောင့်
သူ ပုဝါတစ်ထည်ထုတ်ပေးလိုက်မိသည်။
မျက်ရည်လေးကိုတို့တိတို့တိသုတ်နေသော
သူမကိုကြည့်ရင်း
စိတ်ရင်းစိတ်ထားလည်းနူးညံ့သည်ဆိုတာ
သိလိုက်ရသည်။ပြဇာတ်က ဆက်တိုက်ကပြနေပြီး
မင်းသမီးသရုပ်ဆောင်သည် ရှိုက်ကြီးတငင်
ငိုကြွေးမှုအဆုံး လဲကျကာသတိလစ်လေသည်။
နံဘေးမှ မိန်းကလေးဇီသည်လည်း
တဟင့်ဟင့်ငိုရင်း သူ့လက်မောင်းကိုမျက်နှာအပ်လေသည်။ ဒါတော့နည်းနည်းများသွားပြီဟုထင်သည်။ ပြဇာတ်တစ်ခုကိုဒီလောက်ထိလိုက်ခံစားနေစရာလည်းမလို။မိန်းကလေးဇီ၏ဦးခေါင်းအား
သူ့လက်မောင်းပေါ်မှဖယ်ရန်
သူ့ရဲ့ညာဘက်လက်မြောက်တက်လာစဉ်
မျက်စိထောင့်မှဖြတ်ခနဲမြင်လိုက်ရသော
အပြာရောင် ပုံရိပ်ကလေး။Han လား?
လူအုပ်ကြားထဲမှ ထိုနေရာကို
သူလည်ပင်းဆန့်ကာလိုက်ရှာလိုက်သည်။
ထိုစဉ်
လူအုပ်နှင့်ဝေးရာဆီခွဲထွက်ပြေးသွားသော
နောက်ကျောပြင်သေးသေး။အပြာရောင်ဝတ်ရုံရှည်နှင့်
နက်မှောင်သောဆံနွယ်တို့က လေမှာလွင့်လျက်။သေချာသည် Han
ချက်ချင်းဘဲပြေးထွက်လိုက်လာတော့မည့်သူ့အား
မိန်းကလေးဇီကလက်မောင်းကိုကိုင်ဆွဲရင်း"ဘယ်သွားမလို့ လဲ? သခင်လေးOh "
"အရေးကြီးလို့.....အိမ်တော်ကိုပြန်နှင့်ပါ "
သူ့နောက်တွင်ခပ်လှမ်းလှမ်းမှအမြဲလိုက်ပါလေ့ရှိသော နောက်လိုက်လူတစ်ယောက်ကို မင်းသမီးကိုစိတ်ချမည်ဆိုသောအကြည့်တစ်ချက်ပို့ရင်းခေါင်းငြိမ့်ပြလိုက်ကာ ထိုနေရာမှပြေးလိုက်လာခဲ့တော့သည်။
မိုးချုပ်ချုပ် ပိတ်ထားတတ်သော
ဈေးဆိုင်တန်းတွေဘက်ပြေးသွားသည့်
အပြာရောင်အရိပ်လေး။

VOCÊ ESTÁ LENDO
Master Of The Prince
Ficção HistóricaOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "