ခပ်တိုးတိုး ခပ်ငြိမ့်ငြိမ့်ထွက်ပေါ်နေသော
အသက်ရှူသံ ညှင်းညှင်းလေးကိုနားထောင်ရင်းပန်းရောင်ပွင့်ဖက်လွှာကလေးလို
နူးညံ့သည့်ပါးပြင်တစ်ဖက်ဆီသို့
သူ့ နှာတံနှင့် ဖွဖွပွတ်သပ်လိုက်သော်လည်း
မျက်တောင်ရှည်လေးတွေလှုပ်ခတ်မလာခဲ့ပါနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Han
ကြွေရုပ်ကလေးတစ်ရုပ်ကို
ပိုက်ထားရသည့်နှယ်
ဆာကူရာပန်းလေးတစ်ပွင့်ကို
မဝံ့မရဲ ဖမ်းဆုပ်ထားရသည့်နှယ်
သိပ်ကို တန်ဖိုးထားရပါသော Han သည်
သူ့ရင်ခွင်တွင် အိပ်ပျော်လျက်ရှိနေသည်။လည်ပင်းတစ်လျှောက်ရှိ
သွေးကြောစိမ်းများက
သူပေးထားသောအမှတ်အသားများကြား
ဟိုနေရာ သည်နေရာမြင်သာနေသေး၏နှင်းလိုဖြူသောအသားအရည်ကြောင့်
အနည်းငယ်ဖိညှစ်လိုက်လျှင်ပင်
အရေပြားသည် ချက်ချင်းရဲတက်လာတတ်သေးသည်။ယောက်ျားလေးတစ်ယောက်ဖြစ်သော်ငြား
သူနှင့်ယှဉ်လျှင် သေးသွယ်ပါးလျနေသည့်
ခန္တာကိုယ်သေးသေးလေးအား
မချင့်မရဲထွေးပွေ့ရင်း
မျက်နှာအနံ့ တဖွဖွ နမ်းရှိုက်နေသော်လည်း
Han သည် အိပ်စက်၍ကောင်းဆဲသာ"ချစ်မဝဘူး Han ~ "
သဘာဝအတိုင်းပန်းရောင်သန်းနေသော
အသည်းယားစရာကောင်းသည့်
နှုတ်ခမ်းပိစိလေးကို ဖိကပ်လိုက်. .
နဖူးက မှဲ့နက်ကလေးကိုနမ်းလိုက် . .
သူ့နှာတံလေးနှင့်Han၏နှာထိပ်လေးကိုပွတ်သပ်လိုက်ဖြင့် ဂိုဂူလျောမင်းကြီး Oh Sehun တစ်ယောက် အလုပ်အင်မတန် များနေသည်။"မင်းအစ်ကိုတွေနဲ့တူတူနေချင်တာသိပေမယ့်
ချစ်လွန်းလို့ ပေးမသွားနိုင်တာခွင့်လွှတ်ပါ Hanရယ်~ "တကယ်ပါ မယုံမရှိနှင့်
သူ့ အနားမှာ Han သာမရှိရင်
သွက်သွက်ခါအောင်ကို ရူးသွားနိုင်ပါတယ်
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "