တစ်လကြာ မကျင်းပဖြစ်ခဲ့သော နန်းတွင်းညီလာခံပြန်စတင်လေပြီ။Sehun ရောက်မလာခင် ခမ်းမတွင်ကြိုတင်နေရာယူကာစောင့်နေရသောအမတ်များသည် မကောင်းသောကိစ္စတစ်ခုခုဖြစ်ပျက်တော့မည်ကိုကြိုတွေးကာ မျက်ခုံးလှုပ်နေကြသည်။
သူတို့၏ဘုရင် စစ်ထွက်သွားချိန်မှာ
ဘုရင့်မိဖုရားသည် မင်းသားLuHan ၏အဆိပ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရကာ နတ်ရွာစံသွားခဲ့သည်။
။ထို မင်းသားLuHan ဆိုသည်မှာကား တရားဝင်လူလုံးထုတ်မပြထားသော်ငြား ဘုရင့်အချစ်တော်ယောက်ျားလေးတစ်ယောက်မှန်း လူတိုင်းသိကြသည်။အသတ်ခံရမှာကြောက်၍သာ ထုတ်မပြောကြခြင်း။ထို အမှုအား
ဘုရင်ပြန်ရောက်မလာခင်မှာဘဲ ဘုရင့်ဖခင်တော်စပ်သူ အမတ်ကြီးက မင်းသားHan ကို ကိုယ်တိုင်အဆိပ်သောက်သေဆုံးခြင်းဖြင့် အပြစ်ဒဏ်ချ တရားစီရင်ကာဆုံးဖြတ်ချက်ချခဲ့သည်။အမတ်တွေအားလုံးကလည်း ဘုရင့်ဖခင်ဖြစ်နေသောတရားရေးအမတ်ကြီးကိုမတော်လှန်ရဲ၍ငြိမ်နေခဲ့ရသည်။ယခုတော့ ညီလာခံပြန်စပြီ။ ယခု ညီလာခံတွင် ဘုရင်Sehun နှင့် သူ၏ဖခင်အမတ်ကြီးတို့ ရဲ့အခြေအနေဟာ ဘယ်လိုဖြစ်လာမလဲဟု တွေးရင်း ဘုရင်Sehun ၏ ဒေါသကသူတို့ဘက်ကိုလှည့်မလာဖို့ဆုတောင်းနေကြတော့သည်။
" ဘုရင်မင်းမြတ် ကြွချီလာပါပြီ!!! "
ပုလ္လင်၏အနောက်ဘက်မှဝင်ရောက်လာသော
Sehun ကို အားလုံး ခေါင်းညွတ်ခါးကိုင်းကာ
အရိုအသေပြုလိုက်ကြသည်။
Sehun က ပုလ္လင်ပေါ်မှာ နေရာယူပြီးတာနှင့်
တစ်လအတွင်းလစ်လပ်နေခဲ့သော တိုင်းပြည်ရေးရာလျှောက်ထားချက်စာလွှာ များကိုဖတ်သည်။တစ်ခါတည်း ဖြေရှင်းချက်ပေးသည်။တောင်းဆိုထားသည့်အရာများကို ခွင့်ပြုမပြုအမိန့်ချသည်။အမတ်တွေသည်လည်း သူ့အခန်းကဏ္ဍနှင့်သူ တစ်လှည့်ပြီးတစ်လှည့်လျှောက်တင်ကြရင်း နောက်ဆုံးမှာ ညီလာခံပြီးဆုံးသွားသည်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "