Han နှင့်ချိန်းထားသော နေ့ကဖြစ်သည်။
တွေ့နေကြအချိန်သည် ညနေပိုင်းဖြစ်သော်လည်း
မနက်စောစောကတည်းက
လာစောင့်နေသောSehun။အချိန်ကတရွေ့ရွေ့ကုန်ဆုံးပြီး
ကောင်းကင်သည်လည်း မိုးပြာရောင်မှ
တဖြေးဖြေးပုစွန်ဆီရောင်သန်းလာနေပြီ။အခန်းထဲတွင် မစောင့်နေနိုင်ဘဲ
လမ်းပေါ်ထိ လည်ပင်းရှည်အောင်
ထွက်မျှော်မိသည်ထိသို့သော် ပေါ်လာနေကြအချိန်တွင်
Han ရောက်မလာပါ။ပုစွန်ဆီရောင်တိမ်စိုင်များ
အပြတ်အပြတ်နှင့်လွှင့်စင်ထွက်သွားသည့်တိုင်
Han ရောက်မလာပါ။ကောင်းကင်ကြီးတစ်ခုလုံးနက်ပြာရောင်
လွှမ်းသွားသည်ထိ၊
ဖြတ်သွားဖြတ်လာလူများ
မရေမတွက်နိုင်အောင်များပြားသွားသည့်တိုင်
Han သူ့ဆီရောက်မလာခဲ့ပါ။Han သူ့ကိုလိမ်သွားသည်ဟုပြောရအောင်လည်း
ထိုနေ့က သူ့ဘက်က တစ်ဖက်သတ်ချိန်းဆိုမှုသာဖြစ်ပြီး
Han ကလာခဲ့မည့် အကြောင်းမဆိုခဲ့ပါ။နောက်ဆုံးမှာ သူအကြောက်ဆုံးအရာကဖြစ်လာခဲ့ပြီ။ သူ Han ကိုဆုံးရှုံးရတော့မည်။
Han ကိုယ်တိုင်ကတောင် သူ့ကိုဝေးရာကိုတွန်းထုတ်ခဲ့ပြီမဟုတ်လား။မခံမရပ်နိုင်သောစိတ်အစုံက
ဒေါသအဖြစ်စတင်ပေါက်ဖွားသည်။
ထိုအချိန်တွင် Han ကိုဆုံးရှုံးရမှာ
ကြောက်သည့်စိတ်က သူ့ဒေါသကို
လောင်စာဖြည့်ပေးသည်။
"Han!!!!!! "ထိုနေ့က ထိုနေရာလေးမှာ
မျက်စိထဲမြင်မြင်ရာ ဖျက်ဆီးသောင်းကျန်း
နေခဲ့သော သခင်လေးတစ်ယောက်ရှိခဲ့သည်။👑Master Of The Prince👑
"အား!!!!.....အား!!!!!......တောင်းပန်ပါတယ်
ကျနော်မခိုးပါဘူး!!!!!!နာလို့သေရပါတော့မယ်!!!!ချမ်းသာပေးပါ!!!!အရှင်မင်းကြီး!!!!"
