ခုံရုံးတွင် ဓားထိုးခံရပြီးနောက်
နန်းတွင်းသမားတော်တွေ အချိန်လေးနာရီကြာလောက် ပြာယာခတ်သွားကြသည်။LuHan လည်း စိတ်နဲ့လူနဲ့လွတ်ကာ အဆောင်ရှေ့တွင်သာ ငုတ်တုတ်ထိုင်နေမိသည်။ယခုတော့ အိပ်ဆောင်ထဲသို့ ဝင်တွေ့ခွင့်ရလေပြီ။
အခြေအနေ တည်ငြိမ်သွားပြီဆိုသော်ငြား
သခင်က သတိမရသေး။အိပ်ယာခင်းဖြူဖြူပေါ်တွင် မှေးစက်လဲလျောင်းလို့နေသည်။LuHan ဝင်လာတဲ့အခါ စောင့်ကြည့်နေသော သမားတော်ကြီးက အပြင်ထွက်ပေးသည်။သခင်၏ မျက်နှာမှာ သွေးမရှိသလို ဖြူရော်နေသည်။ချယ်ရီရောင်နှူတ်ခမ်းတွေမှာလည်း စက္ကူဖျော့လိုအရောင်မှိန်နေပြီး ဝတ်ရုံဖယ်ထားသော ခန္တာတခြမ်းမှ ဝမ်းဗိုက်တွင်လည်း ဂွမ်းကပ်ထားသော ဒဏ်ရာကိုမြင်နေရသည်။ဂွမ်းထူထူဖြင့်ကပ်ထားသော်ငြား တရစပ် စိမ့်နေသောသွေးကြောင့် အဖြူရောင်ဂွမ်းက နီစွေးနေသည်။
"သခင်~ "
LuHan သခင့်နံဘေးတွင် ထိုင်ချလိုက်ပြီး အေးစက်နေသော သခင့်လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။မိမိပါးတစ်ဖက်ကို ကပ်ရင်း သတိမလည်လာသေးသော သခင့်ကို တိုးဖွဖွခေါ်နှိုးနေမိသည်။
"ခမည်းတော်! "
တံခါးကရုတ်တရက်ပွင့်လာပြီး
သားတော်လေးထယ်ရန်းက ဝုန်းဒိုင်းပြေးကာဝင်ရောက်လာသည်။နောက်က လိုက်ထိန်းပုံရသော အထိန်းတော်ကြီးလည်းပါလာသည်။LuHan အထိန်းတော်ကြီးကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ သူမက အပြင်ပြန်ထွက်သွားသည်။ထယ်ရန်းလေးက သူ့ခမည်းတော်ဘေးမှာ ထိုင်ချပြီး ငိုသည်။ငယ်ငယ်ကတည်းက တွယ်တာစရာဆိုလို့ ဒီအဖေ တစ်ယောက်ဘဲရှိတဲ့ ထယ်ရန်းက Sehun ကို သိပ်ချစ်သည်။အခုလို ဒဏ်ရာကြီးနဲ့ အိပ်ယာထဲလဲနေသည်ကို မြင်တဲ့အခါ ကလေးက ကြောက်အားလန့်အားနှင့် မရပ်မနားငိုသည်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "