နှစ်နာရီလောက်ကြာအောင်ကို
အားရပါးရထိုင်ငိုပစ်လိုက်တဲ့ Han ဟာ
ယခုတော့ သူ့ရင်ခွင်ကိုမှီကာ မောမောနှင့်မှိန်းနေလေသည်။Han ၏ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း နဖူးလေးသို့ဖွဖွနမ်းရှိုက်တဲ့အခါ Han ကပြုံးသည်။ငါးနှစ်ကြာပြီးနောက်မှာ Han က သူ့အတွက်ပေးတဲ့ ပထမဆုံးအပြုံး။ ဒီလိုကြယ်စင်တဲ့ အပြုံးကို သူတစ်ခါမှမြင်ခွင့်မရှိတော့ဘူးလို့ထင်ထားခဲ့မိတာ။
ပြုံးနေသောနှုတ်ခမ်းရဲရဲလေးကို ထိကပ်လိုက်တော့ Han က သူ့လည်ပင်းကို လက်တွေနဲ့လာချိတ်ဖက်ပြီး နက်နက်ရှိုင်းရှိုင်းပြန်နမ်း၏။ ဝေးကွာခဲ့ကြရသော ငါးနှစ်တာအလွမ်းများကို နမ်းရှိုက်နေသောနှုတ်ခမ်းတွေက တဆင့် ဖလှယ်ဖြစ်ကြသည်။
ချိုမြိန်သော အနမ်းတွေကို ကြာရှည်စွာ ပုံဖော်ကြသည်။တင်းကြပ်စွာဖက်ထားကြသည်။အသက်ရှူတွေကြပ်လို့ မောဟိုက်လာသည်ထိ
အနမ်းတွေကိုမရပ်။နှုတ်ခမ်းတွေကို ခေတ္တ ခွာလိုက်တဲ့အခါမှာလည်း နဖူးချင်းတေ့လို့ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်နေမိပြန်သည်။"ချစ်လိုက်တာ~ "
အသက်ရှူသွင်းသံရောနှောနေသော
သခင့်အသံတိုးတိုးမှာ LuHan ကကျေနပ်စွာပြုံးသည်။သခင့်ရင်ခွင်ထဲ ထိုးဖောက်သွားမတတ် ပိုတိုးဝင်ရင်း နှုတ်ခမ်းတွေကိုထပ်မံ ဖိကပ်စုပ်နမ်းလိုက်သည်။လျှာတွေအချင်းချင်း မြွေတွေလိုရစ်ပတ်နှောင်ကြသည်။နှုတ်ခမ်းတွေ ပူထူရဲကြွလာအောင် နမ်းကြသည်။သခင့်လက်တွေက LuHan ရဲ့ ခါးမှာပွေ့ ပိုက်ထားရာမှတဆင့် ဝတ်ရုံကြိုးဆီရောက်လာသည်။
ချည်ထားသော ဝတ်ရုံကြိုးကို သာသာလေးဆွဲဖြည်ချလိုက်ပြီး ဝတ်ရုံနှစ်ဖက်စေ့ထားသည့်နေရာကနေ လက်လျှိုဝင်လာကာ LuHan ရဲ့ ရင်ဘတ်ကိုပွတ်သပ်သည်။ပန်းနုရောင် အရာလေးတွေကို ထိတွေ့သည်။နွေးထွေးသော သခင့်လက်ဖဝါးကျယ်က LuHan ရဲ့ ရင်ဘတ်၊ခါးကျဉ်းကျဉ်း၊အဆီပိုမရှိကျစ်လစ်သောဗိုက်သားနှင့် ချောမွေ့နေသော ကျောပြင်တို့တွင် တောက်လျှောက်ပြေးလွှားနေသည်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "