လွန်ခဲ့သော နှစ်ရက်က သွေးချောင်းစီးခဲ့သော
နန်းရှေ့ရင်ပြင်သည် ယခုမနက်မှာတော့
အနီအဝါအပြာ အရောင်စုံစွာဖြင့်
ကျက်သရေရှိနေသည်။ရင်ပြင်၏အကျယ်အဝန်းအစမှအဆုံးတိုင်
သွယ်တန်းထားသော အနီရောင်ပိတ်စရှည်နှစ်သွယ်
သည် လေအခတ်မှာတလွင့်လွင့်လှုပ်နေသည်။
သာမန်အချိန်များတွင် အနက်ရောင်ခေါင်းဆောင်းကို ဆောင်းကြသောအမတ်များမှာလည်း
ရွှေရောင်ဦးဆောင်းများနှင့် အနီရောင်တောက်သောဝတ်ရုံများကိုဝတ်ဆင်၍ ပွဲသို့တက်ရောက်ကြသည်။အလယ်တွင်လျှောက်လမ်းချန်ကာ
ဘယ်ညာနှစ်ဖက်တွင်
ထိုအမတ်များကတစ်ညီတစ်ညာစီတန်းလျက်
ခေါင်းငုံ့ခါးကိုင်းအရိုအသေပြုနေကြသည်။ရင်ပြင်တစ်ခုလုံးတွင်ကား
ရိုးရာဗျက်စောင်းတီးခတ်သံက
ငြိမ့်ညောင်းစွာပျံ့ လွင့်နေလျက်....လျှောက်လမ်းအတိုင်း ဖြေးဖြေးချင်းလျှောက်လာနေသော အနီရောင်မင်္ဂလာဝတ်ရုံဖြင့်
သူတို့နှစ်ယောက်သူ နှင့် မင်းသမီးဇီ..........
ယခုအခမ်းအနားအရ ဂိုဂူလျော၏မိခင်
မိဖုရားခေါင်ကြီးဇီ ဖြစ်လာပေတော့မည်။တစ်စတစ်စနီးကပ်လာသော
ပလ္လင်အနီးတွင် ခပ်မိန့်မိန့်ပြုံးကာ
ရပ်ကြည့်နေသော သူ့အဖေရှိနေပြီး
ချင်ဘုရင်အစားလာရောက်သော
သံအမတ်တစ်ဦးလည်းရှိနေသည်။အနည်းငယ်မြင့်သောစင်မြင့်ပေါ်သို့
နှစ်ယောက်လုံးတက်ရောက်သွားပြီး
အမတ်များရှိနေသောရင်ပြင်ဘက်သို့
မျက်နှာမူကာရပ်လိုက်သည်နှင့်
တပြိုင်ထဲ ကောင်းချီးပြုသံက
ကျယ်လောင်စွာထွက်ပေါ်လာတော့၏"ဂိုဂူလျော၏မင်းကြီး Oh Sehun!!!! "
"မိဖုရားခေါင်ကြီး ဇီထျန်ကျင် !!!! "
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "