Part-43

8K 790 46
                                        

ဂိုဂူ​ယော၏အ​ရှေ့ဘက်​နယ်​စပ်​မှ​နေ
တစ်​ဖက်​နိုင်​ငံကိုကူးခဲ့​သော Baekhyun နှင့်​ Chanyeolတို့နှစ်​​ယောက်​ နန်နင်း ဟုအမည်​ရ​သော မျိုးနွယ်​စု​ကျေးရွာငယ်​​လေးတစ်​ခုတွင်​ လူမသိသူမသိအ​ခြေချဖြစ်​ခဲ့ကြသည်​။

ရောက်​ကာစ တစ်​လနှစ်​လမှာ​တော့
အဆင်​မ​ပြေ​သောဒုက္ခ​အစုစုကို အချိန်​တိုင်းရင်​ဆိုင်​​နေခဲ့ရ​ပေမယ့်​ ​ခြောက်​လဆို​သော ကာလတစ်​ခုအကြာမှာ​တော့ သူတို့နှစ်​​ယောက်​​နေသားတကျဖြစ်​ခဲ့ရပြီ။

ရွာ​လေး၏​ဈေးထဲတွင်​ Baekhyun မှာ
ကုန်​စုံဆိုင်​​လေးတစ်​ဆိုင်​ပင်​ဖွင့်​နိုင်​ခဲ့ပြီး
Chanyeol မှာလည်း ကုန်​သည်​တစ်​ဦးထံတွင်​အမြဲတမ်းအလုပ်​သမားအဖြစ်​ တည်​တည်​မြဲမြဲအလုပ်​ကိုရခဲ့တာမို့ နှစ်​​ယောက်​သား စားဝတ်​​နေ​ရေးလည်းအဆင်​​ပြေခဲ့သည်​။

"Chan ပြန်​​ရောက်​ပြီလား? "

Chanyeol အလုပ်က​နေ ​မော​မောနဲ့ပြန်​​ရောက်​လာချင်း အိမ်​က​လေး၏​ဘေးဘက်​အဖီ​လေးထဲမှ Baekhyun ကို​တွေ့လိုက်​ရသည်​။

"Baek ah... ထမင်းချက်​​နေတာလား?
ကိုယ်​ပြန်လာမှ ​လုပ်​ပါ့​မယ်​​ဆို....ထားလိုက်​ "

Baekhyun က​တော့ ​ဗန်းတစ်​ခုကိုမရင်း
သူရှိ​နေရာကွပ်​ပျစ်​​လေးဆီသို့ ပြုံးပြုံးနဲ့​ရောက်​လာပါသည်​။

"ဒီမှာအားလုံးချက်​ပြီးပြီ...ဘာမှလုပ်​စရာမလို​တော့ဘူး...လာစား​လှည့်​ "

Chanyeol ကြည့်​လိုက်​​တော့ ထူးထူးခြားခြားဟင်းခွက်​​တွေက ခါတိုင်းထက်​များ​နေသ​ယောင်​မို့ Baekhyun အား

"ဟင်း​တွေများလှချည်​လား? "

Baekhyun က ဂုဏ်​ယူသလို​လေးပြုံးကာ

"ဒီ​နေ့ ငါ အများကြီး​ဈေး​ရောင်းလိုက်​ရလို့​လေ  "

"​အော်​..ဒါ့​ကြောင့်​ မျက်​နှာကအရမ်းရွှင်​​နေတာကိုး "

"ဟီး....လာလာ...မ​အေးခင်​ လာစား... "

Chanyeol အနီးဆုံးဟင်းခွက်​ထဲက
ဟင်းတစ်​ဖတ်​ကို​ကောက်​ဝါးလိုက်​​တော့
သူ့​ရှေ့မှBaekhyun က အရသာအ​ခြေအ​နေကိုသိချင်​​နေသည့်​နှယ်​ လက်​ဖဝါးနှစ်​ဖက်​ကိုပူးကာ မျက်​လုံး​လေးပြူးလျက်​​စောင့်​​နေသည်​။

Master Of The PrinceWhere stories live. Discover now