Part-6

14.1K 1.1K 55
                                    

"အရှင်​မင်းကြီး.....​ဆေး​တွေကို ​ရောဂါကူးစက်​​နေတဲ့ရွာ​တွေဆီပို့လိုက်​မယ်​ဆို ဝယ်​ယူသူ​တွေကိုပြန်​​လျော်​ရပါမယ်​! "

"သူတို့ဝယ်​ယူထားတဲ့တန်​ဖိုးအတိုင်းပြန်​​လျော်​​ပေးလိုက်​​လေ "

"ဝယ်​ယူထားတဲ့​ကြေးထက်ေ​ဈးပိုတင်ထားတာမို့ 
လူတိုင်းကိုပြန်​မ​လျော်​နိုင်​ပါဘူး...မင်းကြီး! "

"အချိန်​ ဆိုင်းခိုင်းထားရင်​​ရော မရဘူးတဲ့လား? "

"သူတို့ကိုအချိန်​ဆိုင်းခိုင်းမယ်​ဆို သူတို့လုပ်​ငန်း​တွေလည်​ပတ်​နိုင်​မှာမဟုတ်​ပါဘူး မင်းကြီး ဒီလိုဆို အထူးသဖြင့်​ကုန်​စည်​သ​ဘောင်္​တွေမှာပြသနာဖြစ်​လာပြီး ကုန်​စည်​​တွေ ချင်​နိုင်​ငံကိုအချိန်​မှီ​ရောက်​နိုင်​မှာမဟုတ်​သလို တင်​သွင်းကုန်​​တွေလည်းပြတ်​လပ်​ကုန်​ပါလိမ့်​မယ်​! "

Luhan ခမည်း​တော်​ကိုတစ်​ချက်​လှမ်းကြည့်
လိုက်​​တော့ အလွန်​အမင်းစဉ်းစားရကြပ်​ကာ
မျက်​နှာပျက်​​နေ​လေသည်​။

ကူးစက်​​ရောဂါဖြစ်​ပွား​နေသည့်​ရွာများအတွက်
လိုအပ်​​သော​ဆေးအလုံအ​လောက်​ကိုမင်းကြီးက
စီစဉ်​​စေသည်​။သို့​သော်​ ​ဆေး​တွေအားလုံးကို
အထက်​တန်းစားလူချမ်းသာများကအပြတ်​ဝယ်​ယူထားပြီးဖြစ်​​နေသည်​။ ပြည်​သူ​တွေအတွက်​​ထောက်​ပံ့ရန်​ဝယ်​ယူချိန်​မှာ​တော့ ပုံမှန်​​ဈေးထက်​အဆတိုး​ရောင်း​လေသည်​။ ပြည်​သူ​တွေအချိန်​မလွန်​ခင်​ကုသဖို့များစွာ​သော​ဆေး​တွေကို ထိုအသိုင်းအဝိုင်း​တွေဆီကပြန်​ဝယ်​ယူရန်
ယ​နေ့ ညီလာခံမှာ ဆွေး​နွေး​နေကြခြင်းပင်​။

" ​ဆေး​တွေကလည်းရမှဖြစ်​မယ်​......
နန်းတွင်းဘဏ္ဍာ​ငွေ​တွေကိုသုံးလိုက်​ပါ"

နောက်​ဆုံး အ​နေဖြင့်
မင်းကြီးဆုံးဖြတ်​လိုက်​တဲ့အခါ
ပြသနာကိုတင်​ပြ​နေ​သောအမတ်​များက
ငြိမ်​သက်​သွားပြီး
တရား​ရေးရာအမတ်​ကြီး Oh က
ရှေ့ထွက်​လာပြန်​​လေသည်​။

"မင်းကြီး!!ဒီလိုဆို​တော်​ဝင်​မိသားစု​တွေမှာပြသနာတက်​သွားပါလိမ့်​မယ်​!!.... ဒီ​လောက်​​မြောက်​မြားတဲ့​ငွေ​တွေကို ​ဆေးအတွက်​သုံးလိုက်​ရင်​ နန်းတွင်းမှာကြီးမားတဲ့အကြပ်​အတည်းတစ်​ခုဖြစ်​လာပါလိမ့်​မယ်​!!! ပြန်​စဉ်းစား​တော်​မူပါ မင်းကြီး!!"

Master Of The PrinceWhere stories live. Discover now