ဂိုဂူယော၏ အနောက်ဘက်နယ်စပ်
ရွာကလေးတစ်ရွာ၌ဖြစ်သည်။
အခန်းတစ်ခန်းစာသာ အကျယ်အဝန်းရှိသော
တဲအိမ်ကျဉ်းကျဉ်းလေးကို ကောက်ရိုးတံတိုင်းငယ်ဖြင့်ဝန်းခတ်ထားသော အိမ်ကလေးတစ်လုံး။ထိုအိမ်ကလေးထဲသို့ အလွန်နိမ့်ကျသော
အောက်ခြေလူတန်းစားပုံစံ ညစ်ညစ်နွမ်းနွမ်းဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်လူတစ်ဦး
ဝင်ရောက်လာသည်။
မလုံခြုံသော ခပ်ရဲ့ရဲ့တံခါးကိုဆွဲဖွင့်လိုက်ချိန်မှာ
အခန်း၏ထောင့်တွင် ကပ်နေသောကောင်လေးကအလန့်တကြားမော့ကြည့်လာပြီး" Chanyeol!! "
မျက်ရည်ကြည်ရစ်သိုင်းနေသောမျက်ဝန်းများနှင့်အတူ အားကိုးတကြီးခေါ်သံ။
"ဘယ်လိုလဲဟင်?... အငယ်ဆုံးနဲ့အဆက်အသွယ်ရခဲ့လား? "
နယ်စပ်ဘက်မှမြို့တော်သို့သွားမည့်
လမ်းလျှောက်ကုန်သည်အဖွဲ့နှင့်အတူ
အငယ်ဆုံးထံသတင်းပါးဖို့ထွက်သွားတာဖြစ်သော်ငြား Chanyeol က သတင်းတစ်ခုပြန်ရခဲ့လေသည်။"မင်းသား....ဂိုဂူယောကထွက်ရမယ်!!ဒီကနေ ဝေးနိုင်သမျှဝေးဝေးကိုထွက်သွားရမယ် "
Chanyeol ကပြောလည်းပြော
စားစရာတစ်ချို့ကိုလည်းထုပ်ပိုးနေသည်။
Baekhyun က နားမလည်သလိုလေး သူ့အနားကပ်လာပြီး"ဘာလို့လဲ?...ဘာဖြစ်လို့လဲ?
ရဲမက်တွေလိုက်လာပြီလား?? ""ကျနော်တို့ ကို ဖမ်းဖို့ မြို့တော်ရဲ့နေရာတိုင်းမှာ ကြေငြာစာတွေကပ်ထားပြီ...နောက်ပြီး ကျနော်တို့နောက်ကို နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကိုယ်တိုင်လည်းလိုက်လာနေပြီ! "
"အငယ်ဆုံးဆီကိုရော သတင်းပါးနိုင်ခဲ့လား Chanyeol!...ဟင်? သူ သူစိတ်ပူနေလိမ့်မယ် "
"ကျနော်တို့ကိုသတင်းလာပေးတဲ့သူကိုဘဲ ပြန်ပြီးသတင်းပါးခိုင်းခဲ့ပါတယ် မင်းသား....အချိန်မရှိဘူး...ဒီည လှေဆိပ်ကနေ တစ်ဖက်နိုင်ငံထဲကူးရပါမယ်...အဆင်သင့်လုပ်ထားပါ "
![](https://img.wattpad.com/cover/147902813-288-k779861.jpg)