"ဒါက ဘယ်ကိုသွားမလို့လဲ? "
အဆောင်ထဲကထွက်လာလျှင်လာချင်း
မိမိရှေ့ကိုပိတ်ရပ်ကာမေးသော မိဖုရားဇီ၏ ကိုယ်ရံတော် Yukhei ကို
Wei Leng မျက်မှောင်ကုတ်ကာ မော့ကြည့်လိုက်သည်။"မင်းကြီးဆီသွားမလို့ ... ရှေ့ကဖယ်ပေး "
ဖယ်ပေးဟုပြောရင်းကပင်
ပိတ်ရပ်ထားသောYukhei ကို တွန်းကာထွက်သွားဖို့လုပ်တဲ့အခါ Yukhei က သူ့ကိုအားနဲ့နောက်သို့ပြန်တွန်းလွှတ်လိုက်လေသည်။
Wei Leng ဒေါသထွက်သွားပြီး"ဘာလို့သွားခွင့်မပေးရတာလဲ?...
ငါ ကအကျဉ်းသားလည်းမဟုတ်ပါဘဲ...ဘာလို့ဒီအဆောင်ကနေရွေ့ခွင့်မရှိရတာလဲ? ""ဒါမိဖုရားဇီရဲ့အမိန့်ဘဲ!...
မင်း မင်းကြီးအဆောင်ကိုသွားခွင့်မရှိဘူး ""ကိုယ်ရံတော် Yukhei!...ငါကမင်းကြီးရဲ့ဒဏ်ရာကိုကုပေးနေတဲ့ဆေးဆရာပါ။အခုလည်း မင်းကြီးရဲ့ဒဏ်ရာအခြေအနေကိုကြည့်ဖို့ သွားရလိမ့်မယ်! "
Wei Leng... Yukheiကိုကျော်ကာ ထွက်သွားဖို့လုပ်လိုက်ချိန်မှာဘဲ သူတို့နှစ်ယောက်အနားကိုရောက်လာတဲ့ မိဖုရားဇီကြောင့်
နေရာမှာတင်ရပ်သွားရသည်။
မိဖုရားဇီက Wei Leng ကို ခပ်စူးစူးစိုက်ကြည့်ရင်း"မင်းကြီးကအခုနန်းတော်ထဲပြန်ရောက်နေပြီ...မင်းကြီးရဲ့ဒဏ်ရာကိုကုသပေးမယ့် အတော်ဆုံးသမားတော်တွေလည်းအနားမှာအဆင်သင့်ရှိတယ်...မင်းသွားဖို့မလိုဘူး ကောင်လေး "
မိဖုရားဇီရဲ့စကားကြောင့် Wei Leng ဟာမျက်နှာပျက်သွားပေမယ့်လည်း လက်မလျှော့သေးပါ။
"ဒဏ်ရာကိုကုသဖို့မလိုအပ်ဖူးဆိုရင်တောင် ကျနော်ကမင်းကြီးကိုဘာလို့သွားမတွေ့နိုင်ရမှာလဲ?....ကျနော်က မင်းကြီးရဲ့အသက်ကိုကယ်ခဲ့တဲ့သူဘဲ!...မင်းကြီးကို အကြောင်းပြချက်မရှိလည်းသွားတွေ့ခွင့်ရှိတဲ့သူဘဲ! "
မင်းကြီးရဲ့အသက်ကိုတစ်ခါကယ်ခဲ့လို့
မင်းကြီးကသူ့အပိုင်ပါဟုမပြောလိုက်ရုံတမယ်
မဏ္ဍပ်တိုင်တပ်ပြနေသော ကောင်လေးက
မိဖုရားဇီထင်မိသလိုဘဲ ပေါ့သေးသေးကောင်လေးတစ်ယောက်မဟုတ်ပါ။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "