"သွားလို့မရပါဘူး မင်းသား Han "
"ဘာလို့သွားလို့မရတာလဲ? !! "
အမတ်ကြီးကိုပြန်အော်လိုက်သော
Luhan၏အသံအနေအထားခပ်မာမာကြောင့်
အမတ်ကြီး၏မျက်နှာက ကွက်ခနဲပျက်သွားလေသည်။ သူဟိန်းဟောက်တိုင်းLuhan သည်
ငြိမ်ကုတ်၍လိုက်နာရစမြဲဖြစ်လိမ့်မည်ဟု
တွေးထားသောအမတ်ကြီး......
သူခြိမ်းခြောက်တိုင်း Luhan သည် ခိုင်းသမျှလုပ်ပေးလိမ့်မည် တောင်းသမျှပေးလိမ့်မည်ဟု တွေးထင်နေသောအမတ်ကြီးအား
Luhan ခပ်စူးစူးပြန်ကြည့်ရင်းမေးလိုက်သည်။အစ်ကိုတော် Xiu ကို သူ့ဘဝထဲကဆွဲထုတ်ထားရုံနှင့်မလုံလောက်သေးသောအမတ်ကြီးက
ယခု မိခင်ဖြစ်သူ မယ်တော်နေမကောင်းတာကိုသွားတွေ့မည်သူ့အား နန်းတော်ဂိတ်ဝမှဆီး၍ တားထား၏" အခုအချိန်က နန်းတော်မှာ မင်းကြီးလည်းရှိတာမဟုတ်ဖူး....ဒီလိုအချိန်မှာ မင်းကြီးရဲ့အထူးဂရုစိုက်ခံရတဲ့မင်းသားHan က ခွင့်ပြုမိန့် မပါဘဲအပြင်ထွက်လို့တစ်ခုခုဖြစ်ရင် ကျနော်မျိုးတို့ဘယ်လိုမင်းကြီးကို လျှောက်တင်ကြရမလဲ? "
မသိရင်တော့ Luhan ကိုဘဲ
ဂရုစိုက်လွန်း၍ Luhan တစ်ခုခုဖြစ်မှာကိုစိုးရိမ်လွန်း၍တားမြစ်နေသယောင်.....
သို့သော် Luhan ကလည်းအမတ်ကြီး၏
အတွင်းစိတ်အား မသိသူမဟုတ်တာကြောင့်"ကျနော့်အပေါ်အဲ့လောက်အာရုံစိုက်ဖို့ မလိုပါဘူး အမတ်ကြီး!....သခင့်ဆီကခွင့်ပြုမိန့်မဟုတ်တောင် မိဖုရားဇီဆီကယူခဲ့တယ်ဆိုရင်ရနေတာဘဲမဟုတ်လား? "
"မိဖုရားဇီ?? "
သူ့စကားကြောင့် အမတ်ကြီးကမျက်ခုံးတစ်ဖက်ပင့်တက်သွားပြီး
" မိဖုရားဇီကခွင့်ပြုလည်းမရပါဘူး.....မင်းကြီးရဲ့တရားဝင်မိဖုရားဆိုတာမှန်ပေမယ့်
ကျနော်မျိုးကပိုပြီးအာဏာရှိပါတယ်မင်းသားHan....မိဖုရားဇီခွင့်ပြုလည်းကျနော်ကခွင့်မပြုနိုင်ပါဘူး...."
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "