နံနက်စောစောတစ်ခုမှာ
သခင် ညီလာခံသွားတက်နေရသည့်အချိန်
အဆောင်တွင် ယခင်နေ့များနည်းတူ
Luhan တစ်ယောက်ထဲကျန်နေခဲ့သည်။ကိုယ့်ကိုကိုယ်သတ်သေဖို့ကြံစည်သည့်
နေ့ နောက်ရက်ကစလို့
သခင်ကိုယ်တိုင် အနားမှမခွာဘဲ
အစာချိန်အစာ ဆေးချိန်တန်ဆေး
ဇွတ်ကျွေးပြီးဂရုစိုက်နေခဲ့တာမို့
Luhan အားအင်ပြည့်ကာ
ထူထူထောင်ထောင်ရှိနေပြီဖြစ်သည်။Luhan ကိုပေးလိုက်ရသည့်အချိန်တွေအတွက်တော့ သခင့်မှာအလုပ်တွေပုံသွားသည်။
ညီလာခံကိုလည်း တောက်လျှောက်ရက်ရွှေ့နေခဲ့တာမို့ ယခုတော့ မတက်မနေရဖြစ်ကာ သွားရခြင်းပင်။အဆောင်တွင်ကျန်နေခဲ့ရသော
Luhan မှာ တစ်နေ့တစ်နေ့ဘာမှလုပ်စရာရယ်မရှိ။နေမကောင်းချိန်တုန်းက ဆေးသောက်ပြီးအိပ်နေ၍မသိသာပေမယ့် နေပြန်ကောင်းလာတော့
အဆောင်ထဲတွင် တစ်နေ့လုံးနေရသည်ကို
မွန်းကြပ်လာသည်။တိုင်းပြည်၏အရှင်ဘုရင် သည်းသည်းလှုပ်ခြင်းခံရသော LuHan ကို နောက်လိုက်အမှုထမ်းအားလုံးကလည်း ဘုရင့်နည်းတူအသေးစိတ် လိုက်လုပ်ပေးကြသည်။Luhan အတွက် လိုလေသေးမရှိ အားလုံးအဆင်သင့်ဖြည့်ဆည်းပေးသည်။
အလိုရှိတာအားလုံးတောင်းဆိုခွင့်ရှိနေပေမယ့်
Luhan က ဘာမှမလိုချင်တာခက်သည်။
Luhan၏စိတ်အခြေအနေက ဘာမှကိုမတွေးခေါ်မစဉ်းစားနိုင်ဘဲ ခေါင်းထဲတွင်လည်း ဟာလာဟင်းလင်းကြီးဖြစ်လို့နေသည်။မျက်မမြင် ဆွံ့အ နားမကြား တစ်ယောက်လို
ကြည့်သာကြည့်နေပေမယ့် မမြင်နိုင်
နားထောင်နေပေမယ့် မကြားနိုင်
ပြောချင်နေပေမယ့် ဘာမှမပြောနိုင်ဖြစ်နေသည်။ခမည်းတော်လက်ထပ်ကလည်း
ယခုလိုဘဲသူ့နောက်မှာအထိန်းတော်တွေတသီတတန်းလိုက်ပါဂရုစိုက်ခဲ့ကြပေမယ့်
Luhan ယခုကျ မွန်းကြပ်နေသည်။
အရမ်းကိုစိတ်ကျဉ်းကျပ်နေရသည်။
ပိုဆိုးသည်က
ကိုယ့်ကိုကိုယ်သတ်သေဖို့ကြံစည်ပြီးနောက်ပိုင်း
အားလုံးက သူ့အနားမှတစ်ဖဝါးမှမခွာဘဲ
မျက်စိဒေါက်ထောက်ကိုစောင့်ကြည့်လာကြတော့၏
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "