Part-44

7.7K 840 82
                                        

LuHan မယ်​​မယ်​နှင့်​သွား​ရောက်​​တွေ့ဆုံပြီးပြန်​အလာ ကြားလိုက်​ရ​သောသတင်းက ရင်​ဝသို့မီးဟပ်သည့်​နှယ်​ခံစားလိုက်​ရသည်​။
မယ်​မယ်​၏အ​ဆောင်​မှမြန်​မြန်​ပြန်​လာခဲ့ပြီး
သခင့်​အိပ်​​ဆောင်​ကိုဝင်​လိုက်​​တော့
ညီလာခံမှပြန်​​ရောက်​လာပြီဖြစ်​တဲ့ သခင်​က ညီလာခံဝတ်​ရုံကိုလဲဖို့ပြင်​​နေတာ​တွေ့လိုက်​ရသည်​။

LuHan ဝတ်​ရုံလဲဖို့မကူညီဘဲ သခင့်​​ရှေ့သို့သွားရပ်​ရင်း ကြားခဲ့ရ​သောသတင်းအား အတည်​ပြု​မေးမြန်းဖြစ်​သည်​။

" အမှန်​ဘဲလား သခင်​? "

" ဟင်​? Han "

သခင့်​အသံကနူးညံ့​ပျော့​ပြောင်း​သော်​ငြား
သခင့်​မျက်​နှာ​တော်​က​တော့မရွှင်​လန်း​နေပါ။
စိတ်​တို​ဒေါသထွက်​နေပုံရ​သော်​လည်း သခင်​ကLuHan ကိုမြင်​သည့်​အခါ မျက်​နှာအ​ခြေအ​နေကို​ပြောင်းလဲသည်​။သို့​သော်​ငြား မျက်​​မှောင်​တို့ကကြုတ်​​နေဆဲပင်​။

"သခင်​ကိုယ်​တိုင်​စစ်​ချီမယ်​ဆိုတဲ့ သတင်းကအမှန်​ဘဲလားလို့!"

LuHan ရဲ့အသံကအနည်းငယ်​​ဆောင့်​ထွက်​သွားသည်​။မျက်​ရည်​​တွေလည်းချက်​ချင်းဝဲလာသည်​။သခင်​က သူ့ရဲ့ချွတ်​လတ်​စ ဝတ်ရုံ​တွေကိုခဏထားကာ LuHan ရဲ့ပခုံးနှစ်​ဖက်​ကိုဖွဖွဆုပ်​ကိုင်​လာပြီး

"Han....ကိုယ်​သွားမှရမယ်​​လေ "

" ဟင့်​အင်း! "

" Han "

"မသွားပါနဲ့! "

LuHan ရဲ့ ပါးပြင်​နှစ်​ဖက်​လုံးမှာ
ပူ​နွေး​သောမျက်​ရည်​စီး​ကြောင်း​တွေက​နေရာယူလာသည်​။သခင်​က သူ့မျက်​ရည်​​တွေကိုသုတ်​​ပေးဖို့ကြိုးစားရင်း သူသွားမှဖြစ်​မယ့်​အ​ကြောင်းကိုလည်းရှင်းပြ​နေသည်​။သို့​သော်​ LuHan ဘာမှမကြားနိုင်​။မျက်​ရည်​​တွေဖုံးကွယ်​​နေသာမျက်​လုံးကလည်း ဘာမှမမြင်​နိုင်​။
ပခုံးကိုဆုပ်​ကိုင်​ထား​သည့်​သခင့်​လက်​​တွေကို ဖယ်​ချကာ ထိုအခန်းထဲမှထွက်​သွားခဲ့​တော့သည်​။

Sehun ​နောက်​မှချက်​ချင်းလိုက်​သွားမည်​ပြင်​​သော်​လည်း ချွတ်​လတ်​စဝတ်​ရုံ ​ဖို့ ရို့ ဖားလျားနဲ့မို့
ဝတ်​ရုံကိုအရင်​လဲလိုက်​ရသည်​။Han ရဲ့​နောက်​ကိုလိုက်​သွားရန်​အ​ဆောင်​ပြင်​ထွက်​လာလိုက်​​တော့ သူနှင့်​​တွေ့ဖို့ရန်​​စောင့်ဆိုင်း​နေ​သော စစ်​မှု​ရေးရာအမတ်​ချုပ်​ကြီးကို​တွေ့လိုက်​ရသည်​။

Master Of The PrinceWhere stories live. Discover now