တရားရေးရာဌာန၏
စစ်ဆေးရေးအခန်းငယ်တစ်ခုတွင်ဖြစ်သည်။ဆယ်ပေပတ်လည်မျှသာရှိသော
ထိုအခန်းကျဉ်းလေး၏အတွင်းပိုင်းသည်
ပြင်ပမှနေရောင်ကောင်းစွာမဝင်နိုင်တာကြောင့်
ခပ်မှောင်မှောင်ဖြစ်နေသည်။အခန်း၏အလယ်တွင်တော့
လေးထောင့်စားပွဲတစ်လုံးချထားပြီး
Luhan နှင့် လက်ရှိ ဘုရင် Oh Sehun ၏
ဖခင်ဖြစ်သော (ယခင်ကတရားရေးရာအမတ်ကြီးဖြစ်ခဲ့ဖူးသူ)တို့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။"ငါ့ကိုလွှတ်!!! "
သူတို့၏ညာဘက်ဘေး
အခန်းနံရံနားသို့ တစ်ချက်ကြည့်လိုက်ပြီး
Luhan လက်သီးတင်းတင်းဆုပ်လိုက်မိသည်။အစ်ကိုတော်Xiu သည်
ကြမ်းပြင်တွင်ဒူးထောက်ထားရပြီး
လက်နှစ်ဖက်ကိုနောက်ပြန်ကြိုးတုတ်ခံထားရကာ
နံဘေးမှ ရဲမက်နှစ်ယောက်ကလည်း
မတ်တပ်မရပ်လာနိုင်အောင်
ပခုံမှဖိချထားသေးသည်။" မင်းတို့ညီအစ်ကိုတွေပေါင်းပြီး လက်ရှိ
မင်းကြီးကိုလုပ်ကြံကြလိမ့်မယ်ဆိုတာ
ငါကြိုမျှော်လင့်ထားခဲ့ပြီးသား....
အဲ့တာကြောင့်လည်း သေချာစောင့်ကြည့်နေခဲ့တာဘဲ"Luhan အစ်ကိုတော်ချိန်းထားသော
အုတ်တံတိုင်းဆီကိုရောက်လာတော့
အမတ်ကြီးထံတွင်အဖမ်းခံထားရပြီးသော
အစ်ကိုတော်ကိုမြင်လိုက်ရသည်။အမတ်ကြီးသည် အစ်ကိုတော်၏
အဆိပ်ခတ်လုပ်ကြံမည့်ကိစ္စကို
စောင့်ကြည့်ရန်စေခိုင်းထားသော
လူယုံတွေမှတဆင့် ကြိုသိထားခဲ့ရပြီး
သခင့်ထံဆက်သမည့် စားတော်ပွဲကိုလည်း
ပြောင်းခဲ့သည်။နောက်ဆုံး Luhan ကိုခေါ်ထုတ်သွားမည့် အုတ်တံတိုင်းဆီကိုပါကြိုရောက်နေခဲ့ပြီး Luhan ကိုစောင့်နေသောအစ်ကိုတော်Xiuအားဖမ်းဆီးခဲ့တော့သည်။"လုပ်ကြံမှု......
တခြားသူမဟုတ်ဖူး...သာမန်လူမဟုတ်ဖူး.....
တိုင်းပြည်ရဲ့ဘုရင်ကိုလုပ်ကြံမှု...... "
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "