ယခင်ဂိုဂူယောမင်းကြီး၏မိဖုရားခေါင် အကျယ်ချုပ်ကျခဲ့သောအိမ်ရာ သို့မဟုတ် ဒုတိယမင်းသားKyungSoo အား ယခုအကျယ်ချုပ်ချထားသောနေအိမ်ရာ၌ဖြစ်သည်။
အိမ်ကလေး၏ရှေ့မျက်နှာသာ ဝန်းထဲတွင်
KyungSoo သည် စားပွဲငယ်တစ်လုံးဖြင့်အလုပ်ရှုပ်နေသည်။ အနက်ရောင်ဆေးသုတ်ထားသောသစ်သားစားပွဲဝိုင်းလေးပေါ်တွင် ခမည်းတော်၊မယ်တော်နှင့် သူ၏ညီအငယ်ဆုံးဖြစ်သော LuHan မင်းသားတို့၏ ကဗျည်းတိုင်များကို နေရာချလျက် အရိုအသေပေးဂါရဝပြုဖို့ပြင်ဆင်နေခြင်းဖြစ်သည်။သူ့တွင်ရှိသောစားတော်ပွဲတစ်ချို့ကိုတည်ခင်းလျက် အမွှေးတိုင်သုံးတိုင်ကို အိုးထဲတွင်စိုက်ထူလိုက်သည်။ထို့နောက် မြက်ဖျာခင်းပေါ်တွင် ထိုသုံးဦးသုံးယောက်အား ပူဇော်ဂါရဝပြုလိုက်သည်။
"မယ်မယ်ကြီး....ကောင်းကောင်းမွန်မွန်မပြုစုမစောင့်ရှေုာက်နိုင်ခဲ့တဲ့ သားတော်ကိုခွင့်လွှတ်ပါ "
"ပြီးတော့...အငယ်ဆုံးလေး...အစ်ကိုတော် မင်းကိုနောက်ဆုံးတစ်ကြိမ်လောက်ဘဲဖြစ်ဖြစ် ထွေးပွေ့ထားချင်သေးတယ် ညီငယ်ရယ်"
လွန်ခဲ့သောတစ်လမှအဖြစ်အပျက်များသည်
တစ်လဟူသောအချိန်ကုန်ဆုံးသွားသည့်တိုင်
ယုံချင်စရာမရှိသေး။နန်းတော်ထဲတွင် အပူအပင်ကင်းကင်းနှင့်ပျော်ပျော်ရွှင်ရွှင်ရှိနေလိမ့်မည်ဟုထင်မှတ်ထားခဲ့သော ညီငယ်သည် အခုတော့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီ။" ခမည်းတော်....သားတော်ကို ဘာလို့တစ်ယောက်ထဲထားခဲ့တာလဲ? သားတော်ကိုပါ အတူတူခေါ်သွားပါတော့လား? "
ခမည်းတော်၏ကဗျည်းတိုင်ကိုကြည့်ရင်း သူ
တိုင်တည်ရေရွတ်မိသည်။
ယခုဆိုမိသားစုတစ်ခုလုံးတွင်သူတစ်ယောက်သာကျန်နေခဲ့သည်။အစ်ကိုကြီးXiuက ပြည်နှင်ဒဏ်အပေးခံလိုက်ရသည်။ညီငယ် Baekhyun က မည်သည့်နေရာသို့ ထွက်ပြေးကာပုန်းကွယ်နေသည်မသိရ။အနည်းဆုံးတော့ တစ်နေရာမှာအသက်ရှင်နေလိမ့်မည်ဟုသူယုံကြည်ထားသည်။နန်းတွင်းမှာရှိနေသော ညီအငယ်ဆုံးနှင့်မိခင်ရင်းတမျှချစ်ခင်လေးစားရသော မယ်တော်ကြီးသည်လည်း နတ်ရွာစံသွားခဲ့ပြ်ီ။
ဒီလိုမျိုး အသက်ဆက်ရှင်ချင်စရာမကောင်းသော လောကကြီးတွင် ခမည်းတော်က ဘာလို့များ သူ့ကိုတစ်ခါတည်းခေါ် မသွားပါသနည်း။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "