ရာထူးမှထုတ်ပယ်ခြင်းခံထားရသော
တရားရေးအမတ်ကြီးဖြစ်ခဲ့သူ Sehun ၏ ဖခင်အိမ်သို့ Wei Leng ရုတ်တရက်ရောက်လာခဲ့သည်။လွန်ခဲ့သော ငါးနှစ်အတွင်း အထူးတလည် ရောက်လာခြင်းမျိုးမကြုံခဲ့သည့်အတွက် အမတ်ကြီးသည် ကိစ္စထူးတစ်ခုရှိနေမည်မှန်းကြိုသတိထားမိသည်။"ဆိုပါဦး...ကျုပ်ကိုလာတွေ့ရတဲ့အကြောင်းအရင်း "
Wei Leng က လက်သီးဆုပ်ပြီး
အံတကြိတ်ကြိတ်။အမတ်ကြီးကို မော့ကြည့်မလာသော မျက်လုံးများကလည်း အငြိမ်မနေဘဲ ယောက်ရက်ခတ်ကာ ပြေးလွှားနေသည်။အလွန်အမင်း စိတ်လှုပ်ရှားနေသော Wei Leng၏ပုံစံကြောင့် အမတ်ကြီးက နောက်တစ်ကြိမ်မေးလိုက်သည်။"ဘာဖြစ်တာလဲ? "
"မင်းသားHan...မင်းသားHan ကိုတွေ့ခဲ့တယ် "
Wei leng ၏ စကားလုံးအနားသတ်များက
တုန်ရင်နေသည်။သူကိုယ်တိုင်လည်း မြင်တွေ့ခဲ့ရသည့်အဖြစ်ကို မယုံနိုင်သေးသဖွယ် ဖြေးဖြေးချင်းစဉ်းစားရင်းဆက်ပြောသည်။"မင်းသားHan ဆိုတာ သေချာတယ် အမတ်ကြီး "
"မင်း ဘယ်မှာတွေ့ခဲ့တာလဲ? "
Wei Leng ၏ ပုံစံကတည်ငြိမ်သွားသည်။
ထိုမေးခွန်း၏အဖြေသည် စိတ်လှုပ်ရှားနေသောWei Leng ကို စိတ်အလိုမကျသောဘက်ကိုတွန်းပို့လိုက်ဟန်တူသည်။တဆတ်ဆတ်တုန်နေသော လက်ချောင်းများက လက်သီးဆုပ်အသွင်ပြောင်းသွားသည်။ပြေးလွှားနေသောမျက်လုံးက တစ်နေရာတည်းမှာ တည်ငြိမ်စွာစိုက်ကြည့်နေပြီး နီရဲလာသည်။"ဘုရင်ပိုင် အပန်းဖြေအိမ်တော်မှာ "
"ဘာ? "
"မင်းကြီးနဲ့အတူတူ "
Wei Leng ၏စကားကိုကြားပြီးနောက်မှာ
အမတ်ကြီးကိုယ်တိုင်လည်းအံ့သြထိတ်လန့်သွားသည်။မင်းသားHan ကို မင်းကြီးနှင့်အတူဘုရင်ပိုင်အိမ်တော်တွင်တွေ့ခဲ့သည်ဆိုခြင်းက သူ့အတွက်ယုံဖို့ခက်သည်။ မင်းသားHan သည် အမတ်ကြီး၏ရှေ့၌ပင် ချက်ချင်းသေစေနိုင်သည့်အဆိပ်ခွက်ကိုသောက်ခဲ့သည်။ အမတ်ကြီး၏မျက်စိရှေ့တွင်ပင် သွေးအန်ကာသေဆုံးခဲ့သည်။ အမတ်ကြီးကိုယ်တိုင် မြေမြှုပ်သဂြိုလ်ခဲ့သည်။ ဒီလို သက်ရှိထင်ရှားရှိနေခြင်းက လုံးဝမဖြစ်နိုင်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "