Luhan မင်းသားတစ်ယောက်
ညအချိန်မတော်မှ
ခိုးထွက်နေကျမြို့ရိုးတံတိုင်းကို
ကျော်ကာခွကာဖြင့်
နန်းတော်အတွင်းဘက်ကိုပြန်ဝင်လာရသည်။ဒီလို ညတိုင်း
တစ်ပတ်တစ်ခါ Oh Sehun နဲ့
ခိုးခိုးပြီးတွေ့နေတာဟာ သုံးပတ်တောင်ရှိလာပြီမို့
တံတိုင်းကိုကျော်သည့်နေရာမှာလည်း
ဆရာတစ်ပါးအလား လွှားခနဲလွှားခနဲတောင်ဖြစ်လာနေပြီဖြစ်သည်။ထိုနေရာမှ
ကုန်းကုန်းကွကွဖြင့်ဟိုကြည့်သည်ကြည့်နှင့်
ထွက်လာရင်း
လူသူမရှိတဲ့နေရာရောက်မှ
ပုံမှန်လမ်းလျှောက်ထွက်သလိုလိုဒီဇိုင်းချိုးကာ
လက်နှစ်ဖက်ကိုနောက်ပစ်ပြီး
ခပ်ပြုံးပြုံးမျက်နှာကိုမော့ကာမော့ကာဖြင့်
အိပ်ဆောင်ဆီကိုလျှောက်လာတော့သည်။သူ့အဆောင်ရှေ့ကိုအရောက်
အထိန်းတော်တစ်အုပ်နှင့်
ရောက်ချလာသောအကိုတော်အကြီးဆုံးနှင့်ဆုံလေသည်။"အငယ်ဆုံး!!.....မင်းဘယ်တွေသွားနေတာလဲ? "
သိများသွားသလားဟုစိုးထိတ်ရင်း
မျက်လုံးလေးကိုကလယ်ကလယ်လုပ်နေမိတုန်း
အကိုတော်Xiu က"ခမည်းတော်က မင်းမလာသေးလို့စောင့်နေတာ!!လာ....သွားမယ်မြန်မြန်!! "
သူ့လက်ကိုဆွဲကာခေါ်မှ
ယနေ့ည ခမည်းတော်နှင့်အတူညစာစားကြရန်မှာထားသည့်ကိစ္စကိုမေ့နေကြောင်းသတိရတော့သည်။
ခမည်းတော်မင်းကြီးက သားလေးယောက်၏အခြေအနေကိုအကဲလည်းခတ်ရင်း နွေးနွေးထွေးထွေးလည်းရှိစေရန် တစ်လတွင်တစ်ကြိမ် ညစာအတူဆုံစားလေ့ရှိသည်။ယခုလည်းညီအစ်ကိုတွေအားလုံးရောက်နေပြီး
သူကျန်နေ၍လာခေါ်ခိုင်းခြင်းဖြစ်လိမ့်မည်။
သူနည်းနည်းစော၍ုပြန်လာမိတာတော်သေးသည်ပြောရတော့မည်။ပန်းဥယျာဉ်၏ အဆောင်ငယ်ကို
ရောက်လာတော့ခမည်းတော်ကကျန်ညီအစ်ကိုများနှင့်အတူ ထိုင်ရင်း
စားဖွယ်အစုံကိုလည်းမတို့ထိသေးဘဲ
သူ့ကိုစောင့်နေတာတွေ့လိုက်ရသည်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "