Part-26

10.7K 1.1K 80
                                    

"ဝုန်း!!!!! "

တံခါးကို အားဖြင့်​​ဆောင့်​ဖွင့်​လိုက်​​သောအသံက ​တိတ်ဆိတ်​​အေးချမ်း​နေ​သော
နံနက်​​စော​စောတစ်​ခုမှာ
ကျယ်​​လောင်​စွာထွက်​ပေါ်လာခဲ့သည်​။

" မင်းကြီး!!! "

ထိုအ​ဆောင်​ထဲမှထွက်​လာသူ
မင်းကြီးOh Sehun မှာ​တော့
ခါးစည်းကြိုး​ပြေ​နေ​သော ဝတ်​ရုံနှင့်​ဖြစ်​သည်​။
ရင်​ဘတ်​ဟပြဲဖြစ်​​နေရုံသာမက အလွန်​အမင်းကိုဖရိုဖရဲဖြစ်​​နေ​လေသည်​။

" ​တောက်​!! "

အလွန်​အမင်း​ဒေါသထွက်​​နေ​ပုံရ​သော
Sehun ရဲ့ပုံစံ​ကြောင့်​ အနီးအနားမှ
အခိုင်းအ​စေများသည်​လည်း ​ခေါင်း​​တောင်
မ​မော့​ရဲဘဲ ​ကြောက်​ရွံ့စွာငြိမ်​သက်​နေကြသည်​။

" မင်းကြီး!!! "

ထိုကဲ့သို့ပုံစံအတိုင်းပင်
အ​ဆောင်​မှထွက်​သွား​သော
မင်းကြီး၏​နောက်​သို့အမှုထမ်းအားလုံး​ပြေးလိုက်​သွားကြရ​လေ​တော့သည်​။

Sehun ယ​နေ့မနက်​ အိပ်​​ပျော်​​နေရာမှ
နိုးလာစဉ်​ သူ့နံ​ဘေးမှာအိပ်​စက်​​နေ​သောမိဖုရားဇီကိုမြင်​လိုက်​ရသည်​။
မိဖုရားဇီသည်​ သူ့ရင်​ခွင်​နှင့်​အနီးဆုံးမှာရှိ​နေပြီး
သူ​ရော မိဖုရားဇီ​ရော အဝတ်​မကပ်​ဘဲအတူအိပ်​စက်​​နေကြခြင်းဖြစ်​​လေသည်​။သူမှတ်​မိသည်​က
သူသည်​ မ​နေ့ညက Han နဲ့အတူရှိ​နေခဲ့တာဖြစ်​သည်​။Han နှင့်​အတူ ထိုညကိုကုန်​ဆုံးခဲ့တာဖြစ်​သည်​။သို့​သော်​ သူ့​ဘေးတွင်​ မိဖုရားဇီဘာ​ကြောင့်​ရှိ​နေရသနည်းဆိုတဲ့ ​အ​ကြောင်းကိုစဉ်းစား​သော်​လည်း လုံးဝမမှတ်​မိနိုင်​ဖြစ်​နေ​လေသည်​။

အဲ့ဒီ​နောက်​ သူသတိရလိုက်​သည်​က
ညက သူမူး​နေခဲ့သည်​။ ထိုသို့မူး​အောင်​အရက်​တိုက်​ခဲ့သည်​ကလည်းအ​ဖေဖြစ်​သူကိုယ်​တိုင်​။
နောက်​တစ်​ချက်​က သူ့ကို ဖခင်​အမတ်​ကြီးတိုက်​ခဲ့​သောအား​ဆေးဆိုသည့်​အရာ!

ထိုအရာများကိုမှတ်​မိလိုက်​သည်​နှင့်
သူချက်​ချင်းဦးတည်​မိသည်​က
အမတ်​ကြီး၏အ​ဆောင်​ဆီသို့ဘဲဖြစ်​သည်​။

Master Of The PrinceWhere stories live. Discover now