Part-37

9.9K 957 51
                                    

အချိန်​ကား ညဉ့်​နက်​သန်း​ခေါင်​ယံ....။

တဲအိမ်​​လေးတစ်​ခုရဲ့ အတွင်းခန်းတစ်​ခန်း​မှာ​တော့
မင်းသားBaekhyun တစ်​​ယောက်​ သူ့ရဲ့ကိုယ်​ရံ​တော်​Chan ပြန်​​ရောက်​မလာ​သေးတာ​ကြောင့်​ ထိုင်​​စောင့်​ရင်း ငုတ်​တုတ်​အိပ်​​ပျော်​​နေခဲ့သည်​။

ကိုယ်​ရံ​တော်​Chan က အမှန်​တကယ်​တမ်းမှာ Baekhyun နဲ့အတူ ယခုတဲအိမ်​က​လေးမှာလာ​နေပြီးအပြစ်​ခံစရာမလို။Baekhyun အနားမှာ အရင်​ကရှိခဲ့တဲ့​ကျေးကျွန်​​တွေလို လွတ်​​မြောက်​ခွင့်​ရှိသည်​။ သို့​သော်​ Baekhyun ဘယ်​​လောက်​နှင်​လွှတ်​လွှတ်​ ကိုယ်​ရံ​တော်​Chan က ထွက်​မသွားခဲ့။
ထွက်​မသွားသည့်​အပြင်​ Baekhyun အနားမှာ​စောင့်​​ရှောက်​ရင်း အလုပ်​အ​ကျွေးပြု​လေသည်​။

အကျယ်​ချုပ်​ကျ​နေတဲ့Baekhyunက အပြင်​ကို​ခြေတစ်​လှမ်းမှလှမ်းခွင့်​မရှိ​သော်​လည်း Chanyeolက​တော့ အပြစ်​ဒဏ်​နဲ့မဆိုင်​သူမို့သွားခွင့်​ရှိသည်​။အပြစ်​သားဖြစ်​တဲ့Baekhyun ကို ရဲမက်​​တွေက ထမင်းချိန်​တန်​ ထမင်းလာပို့သည်​။သို့​သော်​ မင်းသားတစ်​ပါးက အပြစ်​သား​တွေလို​​နေထိုင်​စား​သောက်​ရသည်​မှာ Baekhyun အခက်​​တွေ့လှသည်​။ဒါကိုသိတဲ့Chanyeol က အပြင်​မှာအလုပ်​ထွက်​လုပ်​ရင်း Baekhyun အတွက်​စား​ကောင်း​သောက်​ဖွယ်​​တွေကိုဝယ်​လာ​ပေး​လေ့ရှိသည်​။

အစပိုင်းက သူ့ကို ထိုသို့လုပ်​​ပေးတာကိုလက်​မခံ​သော်​လည်း Chanyeol အား တားလို့မရခဲ့။မိမိကိုယ်​တိုင်​ကလည်း ဒီလိုအစားအစာ​တွေကို တကယ်​ဘဲစားမဝင်​တာမို့ထပ်​ပြီးမငြင်းဆိုဖြစ်​​တော့။ဒီလိုနဲ့ Chanyeol က နှစ်​ရက်​ခြားတစ်​ခါ​လောက်​ ​ဈေးထဲကိုသွားကာ ရရာအလုပ်​​တွေကိုလုပ်​​လေ့ရှိသည်​။အခုလည်း Chanyeol ​နေ့လည်​ကတည်းကထွက်​သွားတာ ပြန်​မလာ​သေး၍ Baekhyun ​စောင့်​နေရင်း တ​ဖြေး​ဖြေးညဉ့်​နက်​လာတာဖြစ်​သည်​။အရင်​ရက်​​တွေကလည်း တစ်​ခါတစ်​​လေမှာ ​နောက်​ကျတတ်​​ပေမယ့်​ ဒီ​နေ့​လောက်​​နောက်​မကျဖူးခဲ့။တစ်​ချို့ရက်​​တွေကျ Chanyeol က အသပြာကိုရသ​လောက်​စုမိ​အောင်​ အလုပ်​မှန်​သမျှ မပင်​မပန်းကုန်းရုန်းလုပ်​တာကိုBaekhyun သိသည်​။ Baekhyun တား​သော်​လည်းမရတာမို့လွှတ်​​ပေးထားရသည်​။

Master Of The PrinceWhere stories live. Discover now