အတူရှိမနေလည်း
သခင် တစ်နေရာတွင်ကောင်းမွန်စွာ
အသက်ရှင်နေသည်ကို သူသိရလျှင်
သူအသက်ဝဝရှူနိုင်မည်ထင်ခဲ့ဖူးသည်။သို့သော် ထိုအတွေးမှားကြောင်းကို
သခင်နှင့်မတွေ့ရသော အချိန်နှစ်ရက်က
သက်သေပြနေသည်။နောက်ဆုံးတွေ့ခဲ့သည့်အချိန်မှစ၍
သခင်သည် သူ့ထံသို့ရောက်မလာတော့။
သူသည်လည်း အဆောင်တွင်းမှအပြင်သို့ပင်
မထွက်ဖြစ်တော့။တစ်နေ့တစ်နေ့စာလေ့လာရခြင်းမှလွဲ၍ဘာမှလုပ်စရာမလိုသောသူ့ ခေါင်းထဲတွင်
သခင့်အကြောင်းကအချိန်ပြည့်နေရာဝင်ယူနေသည်။
နေမှကောင်းပါ့မလား?
ထမင်းမှစားပါ့မလား?
အရက်တွေများသောက်နေမလား?
ဒါမှမဟုတ် သူတို့နှစ်ယောက်စတွေ့ခဲ့ကြတဲ့
ဆောင်ကြာမြိုင်များရောက်နေမလား?ရောက်နေရင်ရောဆိုတဲ့အတွေးကိုတွေးမိတာနဲ့
သူ့ရင်ပူလာရသည်။
သူမဟုတ်တဲ့တခြားမိန်းကလေးတစ်ယောက်ကို
သခင့်ရင်ခွင်မှာရှိနေမယ်လို့တွေးမိတာနှင့်
မူးမိုက်လဲမတတ်ပင်ဖြစ်ရသည်။
သို့သော် သူ သခင့်ကိုယုံသည်။
သခင့်အချစ်ကိုယုံသည်။
ထို့သို့ယုံလို့လည်း ရင်ထဲတွင်တနုံ့နုံ့နှင့်
ခံစားရခက်သည်။သူတို့နှစ်ယောက်ထဲက
တစ်ယောက်ယောက်ကများ
တကယ်မချစ်မိခဲ့ရင်အကောင်းသားဟုတွေးမိသည်။
ဒီလိုဆို သူတို့နှစ်ယောက်စလုံးမနာကျင်ရတော့ဘူးလေ....
အဲ့လိုဆိုလည်း တကယ်ချစ်ခဲ့မယ့်သူက
သူဘဲဖြစ်ချင်သည်။
သခင့်ကိုချစ်မိ၍သူနောင်တမရပါ။
ဘယ်လိုဘဲချစ်ရချစ်ရ သခင့်ကိုသာချစ်ချင်သည်။အခုလို တစ်ယောက်နဲ့တစ်ယောက်
ရှင်ကွဲကွဲနေရရင်တောင်ပေါ့............မျက်စိရှေ့မှ ညိုးငယ်နေသောပန်းပွင့်သေးသေးလေးကို
သူလက်ဖြင့်ဖွဖွထိကြည့်လိုက်သည်။
သူ့အစိတ်အစဉ်လိုဘဲ ထိုပန်းပွင့်လေးသည်လည်း
မြေပြင်ပေါ်အတုံးအရုန်းပြိုလဲကျသွားသည်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "