ပုစွန်ဆီရောင်မှတဆင့်
မှိုင်းသောအပြာရောင်သို့
တစ်စတစ်စကူးပြောင်းလာပြီဖြစ်သော
ကောင်းကင်တွင် လက်သည်းခွံမျှသာရှိသော
လခြမ်းကလေးကိုမြင်နေရသည်။အပြတ်အပြတ်နှင့်တိမ်မျှင်များသည်လည်း
ဟိုဟိုသည်သည် လွင့်မြောလို့ရှိနေသည်။ညခင်းလေအေးတစ်ချို့ သူ့ကိုဖြတ်တိုက်သွားသော်ငြား သူ့စိတ်တွေမအေးချမ်းနိုင်။
နံနက်အစောပိုင်းကတည်းက ထွက်သွားသောအကိုကြီးXiu သည် ယခုအချိန်ထိအိမ်သို့ပြန်ရောက်မလာသေး။ထူးထူးဆန်းဆန်းအဝတ်အစားများကိုဝတ်စားသွားတာကိုမြင်လိုက်တာကြောင့်လည်းပိုပြီး စိတ်ပူနေရသည်။ ထို့ပြင် တစ်နေရာရာကိုထွက်လျှင် ခွင့်ပြုချက်ယူပြီးမှထွက်ခွင့်ပြုခွင့်ရသောဘဝဖြစ်နေတာကြောင့် သတ်မှတ်ချိန်အတွင်းပြန်ရောက်လာဖို့လည်းအရေးကြီးနေသည်။ကျယ်ဝန်းသည်ဟုဆိုရုံမျှသာရှိသော
သာမန်အရပ်သားနေသည့် ယခုအိမ်လေးတွင်
သူတို့ညီအစ်ကိုသုံးယောက်အကျယ်ချုပ်နေရသည်။အကိုလတ်Kyung က မယ်မယ်နေမကောင်းသဖြင့် အနီးကပ်စောင့်ကြည့်ဖို့ မယ်မယ့်ကိုအကျယ်ချုပ်ထားသောအဆောင်သို့သွားနေနေတာမို့ ယခုသူတစ်ယောက်ထဲရှိနေသည်။အိမ်ထဲမှာစောင့်နေရာက
မနေနိုင်တော့၍ခြံဝန်းလေးထဲဆင်းလာကာ
ကွက်ပျစ်ကလေးပေါ်တွင်ထိုင်စောင့်နေမိသည်။ခါးလောက်သာအမြင့်ရှိသော
ကောက်ရိုးများဖြင့်ပြုလုပ်ထားသည့်
ဝန်းအပုလေးကြောင့်အပြင်သို့လှမ်းကြည့်နေလို့ရသည်လေ။ကာရံထားသောဧရိယာပြင်ပတွင်တော့
အစောင့်ရဲမက်နှစ်ယောက်က
တစ်ဖက်တစ်ချက်ဆီမှာရပ်နေလေသည်။"Chanyeol ! "
ခြံဝန်းလေးထဲဝင်လာသော
ကိုယ်ရံတော်Chan ကြောင့်
Baekhyun ကွက်ပျစ်လေးပေါ်မှပြေးဆင်းသွားလိုက်သည်။
YOU ARE READING
Master Of The Prince
Historical FictionOh Sehun ♡ LuHan "ကိုယ် မင်းကို သိပ်ချစ်တယ်...Han "