အပိုင်း-၇

2.7K 295 2
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၇)

@@@@@@@@@@@@@@@@@@@

သူမသည် ထိုသို့သော ကံတရားအတိုင်း မွေးဖွားလာသော နတ်တစ်ပါး ဖြစ်နေခြင်းမှာ ဘာလုပ်လုပ် အချစ်ခံဖို့သာ၊

@@@@@@@@@@@@@

စိမ့်စမ်းပြာအိုင် ကျွန်းတစ်ခုလုံး မိုးတွေရွာနေသည်။ နတ်ဘုရား ကျိုးဖန့်သုန်က အိမ်ထဲသို့ မဝင်ပဲနှင့် မိုးရွာထဲတွင် မတ်တပ် ရပ်လျက်ဖြင့် ညီမဖြစ်သူ ထွက်လာမှာကို စောင့်နေသည်။ သို့သော် အိမ်ထဲတွင် ကျိုးရင်း ဒေါသထွက်စွာ ထိုင်လိုက် ထလိုက် ပြီးတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊

အစ်ကိုကြီး တောင်းထားတဲ့ ကိစ္စကို သူမမလုပ်ပေးချင်ပါ။ သို့သော် ကျိုးရင်းအား ချီပိုး ထိန်းကျောင်းခဲ့ပြီး ငယ်စဉ်ကတည်းက ပြောဆိုဆုံးမခဲ့သော အစ်ကိုကြီးက ခေါင်းမာစွာ မိုးရွာထဲမှာ ရှိနေအုံးမည်။ ထို့ကြောင့် အိမ်တံခါးကို ဖွင့်လိုက်ပြီးလျှင် အိမ်ရှေ့သို့ မထွက်လာမှီ ရင်းအော် မိုးတွေကို တိတ်စေရန် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။ မိုးတိတ်သွားပြီ ဆိုမှ အစ်ကိုကြီး ရှေ့သို့ လာခဲ့ပြီး

'ညီမလေး မလုပ်ပေးဘူးလို့ ပြောထားတယ်'

'သူ့ကို မင်းက ကုသပေးစေမယ်လို့ ကတိပေးထားတယ် အဲ့တာကြောင့် သူ့ကို ကုပေးပါ'

'အစ်ကိုကြီး!!'

'တောင်းပန်ပါတယ် သူ့ရဲ့မျက်လုံးကို မင်းကလွဲရင် တခြား နတ်ဆေးဆရာတွေက ကုရဲကြမှာ မဟုတ်ဘူး'

'ငါက ဆေးကုတဲ့သူ မဟုတ်ဘူး ပြီးတော့ သူက ငါ့ကို နတ်တွေအလယ်မှာ အရှက်ခွဲဖို့ ကြိုးစားတယ် ငါသာ သာမာန် နတ်သမီးတစ်ပါး ဆိုရင် နတ်တွေ ငါ့ကို အပြစ်တင်လို့ ဆုံးမှာ မဟုတ်ဘူး'

'ပင်းပင်းက မလိမ္မာလို့ တစ်ခါမှားခဲ့တာပါ မင်းသူ့ကို ခွင့်လွှတ်ပြီး သူ့ကို ကုသပေးလိုက်ပါ'

'သူ ငါ့အပေါ်မှာ တစ်ခါမှားတယ် နောက်ထပ် တစ်ကြိမ် မမှားဘူးလို့ ဘယ်သူမှ အာမမခံဘူး ခွင့်လွှတ်တယ် ဆိုတာ ရင်းအော်ရဲ့ လောကမှာ မရှိဘူး ဆိုတာ အစ်ကိုကြီး သိပါတယ် ဒီလို မနေပဲနဲ့ သူ့ကို တစ်သက်လုံး စောင့်ရှောက်ပေးလိုက်ပါ နောက်ထပ်တစ်ကြိမ် စိမ့်စမ်းရေပြာအိုင်ကို ခြေမချပါနဲ့'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now