အပိုင်း-၁၂

2.5K 271 6
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၂)

@@@@@@@@@@@@@@@@@@@@@

'ရှင်မ ငါတို့ သားကို ဘယ်လို ဘယ်လို နာမည်ပေးမလဲ'

'ဟန်ယီမင် လို့ နာမည်ပေးမယ် ငါတို့သားကို သုံးလနေရင် လာခေါ်မှာတဲ့ ငါတို့ အိမ်ပြောင်းရအောင်'

ကုန်သည်ကတော်ကြီးက ကလေး ပွေ့ထားရင်း ခပ်တိုးတိုး ဆိုတော့ ကုန်သည်ကြီးက ခေါင်းညိတ်သည်။ သူတို့ခဗျာ သူတို့သားက နတ်မင်းသား ဆိုတာကိုကော အိမ်ရှေ့မင်းသား ဆိုတာကိုကော မသိပဲ သုံးလရှိရင် ပြန်ပေးလိုက်ရမှာကိုပဲ စိုးရိမ်စွာ ပူပန်နေကြသည်။ ထို့ကြောင့် ကလေးကို ပြန်မယူနိုင်စေရန်အတွက် အိမ်ပြောင်းရန် ဆုံးဖြတ်လိုက်ကြသည်။

နတ်သက်တမ်း သုံးရက် အကြာတွင် နတ်နဂါးမျိုးတို့၏ နတ်သက်တမ်းအရ နတ်မင်းသမီး ဖုန်းယွဲ့သည် ဆယ့်ခြောက်နှစ်အရွယ်သို့ တိုင်လေသည်။ အဘိုးဖြစ်သူ ကောင်းကင်မင်းကြီး၏ အလိုအရ တောင်ပင်လယ်ဒေသ၏ မျိုးနွယ်စု အဖြစ် အမည်ဆက်ခံခွင့်မရပဲနှင့် တလီမျိုးနွယ်အဖြစ်သာ အသိအမှတ်ပြုခံရသည်။

သို့သော် မိန်းကလေးကဲ့သို့ ဝတ်စားဆင်ယင်ခွင့်မရပဲ ကောင်းကင်နန်းတော် မှ မိခင်နှင့် ဦးလေးများ၏ သွန်သင်မှုအရ ယောက်ျားလေး တစ်ဦးကဲ့သို့သာ ဝတ်ဆင်ခွင့်ရသည်။ အဘိုး ဖြစ်သူ ကောင်းကင်မင်းကြီးပင်လျှင် သူ၏ မြေးဖြစ်သူမှာ မန်းကလေးမှန်း မသိပဲ ယောက်ျားလေးဟု ထင်မြင်ကာ အိမ်ရှေ့မင်းသား ဖြစ်လာစေရန် လေ့ကျင့်မှုတွေကို ပြင်းထန်စွာ ပြုလုပ်စေ၏။ ချင်းလီကတော့ နေ့စဉ် ငိုနေသော သမီးလေးကို သနားသော်လည်း ကျေးဇူးရှင်ကို ကျေးဇူးဆပ်ရန် ရှိသည်မို့ အဝေးမှသာ ငေးကြည့်နေရ၏။

'အစ်ကိုနှစ် လီအော် သမီးလေးကို သနားလိုက်တာ သူ့ခဗျာ'

'သနားရင် ငါတို့ အိမ်ရှေ့မင်းသားကို ခေါ်လာရမှာပေါ့ အခု သူက အိမ်ရှေ့မင်းသား နေရာကို ယူထားရတာ မင်းတုန်းကဆို အခုချိန်မှာ အိပ်လို့ ကောင်းနေတုန်း'

'အဲ့တာကတော့ သူ့အဖေက နတ်နဂါးမျိုးမို့လို့ သူက ကြီးပြင်းတာ မြန်နေတာပါ'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ