အပိုင်း-၅၇

1.9K 181 3
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၇)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူမကတော့ သူက ရှင်းယဲ့ နတ်မိဖုရားကို ပြသနာ ရှာမည် စိုးရိမ်၍ တားမြစ်သည်ဟု ထင်မြင်ကာ.. သူ့အား တွန်းလွှတ်လိုက်ပြီး.. ပျံတက်သွား၏။

'ရင်းအော်!!..'

လှမ်းဆွဲလို့လည်း မမှီလိုက်တာမို့.. ယီမင် လုံစမ်းကို စိတ်အတွင်းမှ လှမ်းခေါ်လိုက်ရပြီး ရောက်လာတော့မှ..

'လုံစမ်း.. အဘွားတော်ကို သွားခေါ်လာခဲ့ အဘိုးတော်ကိုတော့ နောက်မှ သိပါစေ.. ပြီးတော့ ဆစ်ကျီ နတ်မင်းရယ် ကျိုးလျန် နတ်မင်းရယ်ကို ကြယ်တာရာ နန်းဆောင်ကို ခေါ်လာခဲ့.. သွား မြန်မြန်!!..'

ရင်းအော် သွားသော နေရာကို လိုက်သွားဖို့ ပြင်လိုက်ပြီးမှ.. ကံကြမ္မာကျောက်တိုင်းတောင်မှ ဆစ်ကျီ နတ်မင်း၏ ကံကြမ္မာအား ပိတ်လိုက်ဖို့ကို သတိရလိုက်ကာ လက်ဖြင့် ဝှေ့ယမ်းလိုက်ပြီး ကျောက်တိုင်ကို ပျောက်ကွယ် စေလိုက်သည်။ ပြီးမှ ရင်းအော် ရှိနိုင်သော ကြယ်တာရာ နန်းဆောင်သို့ လိုက်လာခဲ့မိ၏။

@@@@@@@@@@

ကြယ်တာရာ နန်းဆောင်ရှေ့တွင်.. ဆင်းသက်လိုက်ပြီးမှ စိတ်ဆိုးနေမိတာကို မထိန်းနိုင်ပဲ လေသံမာမာဖြင့်..

'ရှင်းယဲ့!!.. ထွက်လာခဲ့စမ်း.. မင်းက ဘာကိစ္စ ငါ့ဆရာကို ဒဏ်ရာရအောင် လုပ်ရတာလဲ..'

ကြယ်တာရာ သခင်မ ရှင်းယဲ့ ထွက်လာကတည်းက လက်အတွင်းတွင်.. ကြယ်တာရာ ဓားကို အသင့် ဆုတ်ကိုင်ထားပြီး.. ခြေလှမ်းတို့ တုန့်ဆိုင်းခြင်း မရှိပေ။ ရင်းအော်က ရှင်းယဲ့ ထွက်လာတော့.. လက်အတွင်းသို့ ကောင်းကင်နဂါးပန်းကို ဆင့်ခေါ်လိုက်ပြီး.. လေပေါ်သို့ ပျံတက်လိုက်သည်။ ရှင်းယဲ့ကပါ လိုက်၍ ပျံတက်လိုက်ပြီးနောက်မှ..

'ဒါကလား.. ဆစ်ကျီ နတ်မင်းကို မတော်တဆ ဒဏ်ရာ ရအောင် လုပ်မိသွားတာပါ.. ဘာလဲ ဆစ်ကျီ နတ်မင်းက.. တပည့်လုပ်သူကို ပြောပြီး ဖြေရှင်းခိုင်းလိုက်လို့လား..'

'ငါ့ဆရာက မင်းကို အရေးမလုပ်လို့ မင်းအကြောင်းကို.. သဘောတရားအနေနဲ့တောင် မပြောဘူး.. ဒါပေမယ့် မင်းက ကံဆိုးပြီးတော့ကို ငါက တခြားဆီကနေ သိလာခဲ့တာ.. ရှင်းယဲ့.. မင်း တော်တော် အတင့်ရဲပါလား.. ငါ့ရှေ့မှာတောင် လိမ်ညာဖို့ ရဲဝံ့တယ်..'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now