အပိုင်း-၄၅

2.2K 178 4
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၅)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ရင်းအော်က.. သိပ်ပြီး ရိုးရှင်းလွန်းတယ် ဆိုတာက မှန်ပါတယ်.. ဒါပေမယ့်.. ကျွန်တော်တို့ လိုက်ဖက်တယ် ဆိုတဲ့ အကြောင်းပြချက် တစ်ခုတော့ ရှိအုံးမှာပါ..'

ဆစ်ကျီ နတ်မင်းကို တွန်းလှန်သော စကားကို မဆိုချင်သော်လည်း.. ပြောလိုက်မိသည်သာ..၊ သို့သော် ဆစ်ကျီ နတ်မင်းက ပိုပြီး အေးခဲသွားသော မျက်နှာဖြင့် သူ၏ ဆံပင်အဖြူတွေကို.. ကျောနောက်မှ.. ဆွဲယူလိုက်ပြီး နှစ်ချက်မျှ ပွတ်သတ်လိုက်ကာ.. အေးခဲလုမတတ် လေသံဖြင့် တစ်လုံးချင်း ပြောသွားသည်။

'ငါ ဆစ်ကျီ မင်းနဲ့ ရင်းအော်ကို ပြင်းထန်စွာ ကန့်ကွက်တယ်!!..'

ဆစ်ကျီ နတ်မင်း၏ ပြင်းထန်ပြီး အေးစက်သော တားမြစ်သံကို ကြားရပြီးနောက်.. စိမ့်စမ်းပြာအိုင်ကို သူရောက်လာခဲ့၏။ ~ငါမင်းကို အလွယ်တကူနဲ့ လက်လျှော့မယ်လို့ ဆစ်ကျီ နတ်မင်းက ထင်မြင်နေတယ် ရင်းအော်.. အဲ့လောက် မလွယ်ဘူးလေ.. ပထမတစ်ကြိမ် ဆုံးရှုံးဖူးတဲ့ ဒဏ်ကို ငါက ခံစားဖူးတာ သူက မေ့နေတယ်နဲ့ တူတယ်..~

သူမအနားသို့ မသွားပဲ ရေကန်ဘေးက သလွန်ပေါ်မှာ ထိုင်နေသော သူမကို လှမ်းငေးနေမိသည်။

~သူမက တကယ့်ကို ရိုးရှင်းလွန်းတယ် စွမ်းအားနည်းတဲ့ နတ်သမီးတွေ ထက်တောင် သူမက ရိုးရှင်းလွန်းတယ်.. ဆစ်ကျီ နတ်မင်းက သူ့ တပည့်မကို အမြဲတမ်း စိုးရွံ့နေခဲ့တာက ဖြစ်နိုင်ပါတယ်..~

သူရောက်နေတာကို သူမက မသိပဲ စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာ ဖတ်ရှုနေ၏။ ဖတ်ရှုနေရုံတင် မဟုတ်ပဲ ရေးမှတ်နေခြင်းကြောင့်.. ပိုပြီး စိတ်ဝင်စားသွားမိသည်။ ပြီးတော့ ညည်းညူလိုက်သေး၏။

'ဘာလို့ စာလုံတစ်လုံးတည်းက အဓိပ္ပါယ် များစွာ ဖြစ်ပေါ်စေတာလဲ.. မဖြစ်နိုင်တာ.. မဖတ်တော့ဘူး.. ရှုပ်တယ်..'

သူမကိုင်ထားသော စာအုပ်လေးသည် သူမလက်ထဲမှ ပျံတက်လာပြီး မြေပေါ်သို့ ပြုတ်ကျခြင်းသို့ ရောက်လေသည်။သူ ထိုစာအုပ်လေးကို ကောက်ယူလိုက်ပြီး..

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Dove le storie prendono vita. Scoprilo ora