စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၂)
@@@@@@@@@@@@@@@@@@@@
မယ်တော်၏ အစေခံငယ်လေးက သူ့ရှေ့တွင် ဒူးတုတ်လျက် မျက်နှာကို ကြမ်းခင်းနှင့် ထိကပ်လုမတတ် ထိုင်နေ၏။ ပြီးတော့မှ
'ချင်းလီ မယ်တော်က မမလေး ဟန်ရင်းရင်းကို နယ်ပယ် တစ်ဆယ့်ခြောက်ခုကို လည်ပတ်ပြသဖို့ ဖိတ်ခေါ်လိုက်ပါတယ် အိမ်ရှေ့မင်းသား'
တင်လျှောက်လိုက်မှ အိမ်ရှေ့မင်းသား၏ မျက်ဝန်းတွေက ပိုမို စူးလက်လာပြီး အေးခဲနေသော လေသံဖြင့်
'မယ်တော်က ဟုတ်လား'
'မှန်လှပါ ချင်းလီ မယ်တော်က ဒီစကားကို ကောင်းကင် အကာကွယ် နန်းဆောင်ကို ပို့ဆောင်ခိုင်းထားခြင်းပါ'
'ငါသိပြီ မင်းတို့ သွားလို့ ရပြီ'
နတ်အစေခံငယ်လေးတွေ ထွက်သွားပြီ ဆိုမှ သူ ထိုင်နေရာမှ ထရပ်လိုက်ပြီး ရင်းအော် အိပ်နေရာသို့ လှမ်းလာခဲ့သည်။ သူမလေး၏ နှလုံးခုန်သံအရ နိုးနေပြီမှန်း သိသော်လည်း သူမက မျက်ဝန်းတွေကို မှေးမှိတ်ထားဆဲ၊ ထို့ကြောင့် ကုတင်နားထိ ကပ်လာခဲ့ပြီးမှ
'ရင်းအော် နိုးနေရဲ့နဲ့ ကိုကြီးရှိနေတာကို မသိချင်ယောင်ဆောင်မလို့လား'
ထိုအခါမှ သူမလေးက ကိုယ်ပေါ်မှာ ခြုံထားသော စောင်ကို ဆွဲဖယ်ပစ်လိုက်ပြီး
'ကိုကြီးကို ခြောက်မလို့ပါဆို ရင်းအော် နိုးနေမှန်း ဘယ်လို သိနေတာလဲ'
သူမ၏ ရင်ဘတ်အနီးမှာ ခုန်လှုပ်နေသော သူ့နှလုံးသားတစ်ခြမ်းကြောင့် ဆိုတာကို သူမလေး သိနေဖို့မှ မလိုတာ၊ ထို့ကြောင့်
'မင်းကို ကိုကြီးက ငယ်ငယ် ကတည်းက ထိန်းလာတာ မင်းဘာတွေးနေလဲ ဆိုတာတောင် သိသေးတယ်'
သူမကို ကုတင်ပေါ်မှာ ပြန်ထိုင်ခိုင်းလိုက်ပြီးမှ နတ်အစေခံတွေ ဘက်သို့ ခေါင်းတစ်ချက် စောင်းလိုက်ပြီးမှ
'ရင်းအော်အတွက် မျက်နှာသစ်ရေနဲ့ စားစရာတွေ ယူလာပေးပါ'
'ကိုကြီး'
သူမက သူထိုင်ခိုင်းထားသော နေရာမှ ထရပ်လိုက်ပြီး သူ့ရင်ခွင်အတွင်းသို့ တိုးဝင်လာကာ မျက်နှာလေးကို မော့လျက် သေးငယ်သော အသံလေးနှင့် ခေါ်သည်။
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...