အပိုင်း-၃၅

2.3K 216 5
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၅)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပထမဆုံး တစ်ပွဲအဖြစ် ရေမင်းသား ရှောင်လုချီက ကျားကစားဖို့ ရွေးချယ်လေရာ သုံးပွဲကစားရမည့် ပွဲမျိုး ဖြစ်ပြီး.. စဆော့ကတည်းက သူ့စိတ်တွေက ထိုပြိုင်ပွဲမှာ မရှိ..၊ ပထမပွဲမှာတင် သူရှုံးသွားတော့ ရှောင်လုချီက သူ့ကို ခပ်မဲ့မဲ့ပြုံးပြသည်။ သူ အနည်းငယ် မကျေမနပ် ဖြစ်မိသော်လည်း.. အတန်ငယ်ကြာနေပြီ ဖြစ်သော အချိန်ကို သတိထားမိလျက်.. ဒုတိယပွဲစဉ်ကို ရှုံးစေပြီး ထိုင်နေရာမှ ထရပ်လိုက်ကာ..

'ရေမင်းသား ကြည့်လေ ငါက မင်းကို ကျားကစားတာမှာ ရှုံးတယ်.. တကယ်လို့သာ မင်းက တိုက်ခိုက်ရေးကိုပဲ ရွေးချယ်နေမယ် ဆိုရင် မင်းင့ါကို ဘယ်တော့မှ နိုင်ဖူးမှာ မဟုတ်ဘူး.. အဲ့ဒီတော့ နောက်ပွဲ တစ်ခုကို.. ရွေးချယ်လိုက်ပါအုံး ယီမင် ပြန်လာရင် ထပ်ပြီးတော့ ယှဉ်ပြိုင်ပါ့မယ်..'

သူပြောလိုက်သော စကားကြောင့် လုချီက အတန်ငယ် ပြုံးမိသွားလျက်..

'ကောင်းသားပဲ မင်းက အိမ်ရှေ့မင်းသား ဆိုတော့.. မအားလပ်ဘူး မဟုတ်လား ငါ အချိန်နည်းနည်း ယူပြီးတော့.. နောက်ထပ် တစ်ပွဲကို တွေးထားလိုက်မယ် မင်းပြန်လာရင် မငြင်းဆန်ပဲနဲ့ ယှဉ်ပြိုင်ကြမယ်.. တတိယပွဲကတော့ ငါတို့ တိုက်ခိုက်ရေးကိုပဲ ယှဉ်ပြိုင်ကြတာပေါ့..'

'ကောင်းပြီလေ.. ရေမင်းသား.. နောက်တစ်ပွဲအတွက် သေချာ ရွေးချယ်ပါအုံး.. ပြန်လာရင် ယီမင် မငြင်းဆန်ပဲ ယှဉ်ပြိုင်ပါ့မယ်.. အဲ့တာဆို ခွင့်ပြုပါအုံး..'

မြေပြင်ဒေသသို့ ပြန်ဆင်းလာတော့.. သူမက မီးမျှောပွဲသို့ သွားသည်ဆို၍ မီးမျှောပွဲသို့ လိုက်လာရာ သူမက နှင်းကာခြုံလွှာလေးနှင့် တင့်တယ်နေသည်။ သူမဆီသို့ ခြေလှမ်းတွေ ပြင်လိုက်စဉ်..

'အဲ့ဒီ စောင်းတီးတဲ့ နတ်သားက မြေနတ်သားထျန်းရန် မဟုတ်လား လွန်ခဲ့တဲ့ နှစ်ရှစ်သောင်းကျော်က ကျိုးရင်း နတ်ဘုရားမနဲ့ ချစ်ကြိုက်ဖူးတယ်နော်.. အခု သူတို့ ပြန်တွေ့ကြမှာလား မသိဘူး..'

'ဟုတ်တယ် မြေနတ်သားထျန်းရန်က တကယ်လို တင့်တယ် ချောမောတာပဲ မြေပြင်နတ်ထဲမှာ အသက်ဒီလောက်ရှိတာကို တင့်တယ်နေသေးတာ ရှားပါးတယ်..'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now