အပိုင်း-၃၀

2.5K 238 2
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၀)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နှလုံးသားအတွင်းမှ ခပ်တိုးတိုး ရေရွတ်မှုက နှုတ်ခမ်းဖျားသို့ တက်လာ၏။ ထိုရေခဲ အိပ်ရာအတွင်းတွင် သူ မြင်နေရတာက သူ့ရဲ့ နှလုံးသားတစ်ခြမ်း ဖြစ်သော၊ ပြန်တွေ့ဖို့ကို နှစ်တစ်ထောင် နီးပါး သူ တမ်းတ မျှော်လင့်ခဲ့သော၊ ပြီးတော့ ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ဟု ထင်မြင်ပြီး ရူးသွပ်စွာ စောင့်စားနေမိသော၊

'ရင်းအော်!!'

သူ ထိုနေရာမှ မချင့်မရဲ တစ်ခါတည်း ထိုဆီသို့ အရောက် သွားမိသည်။ သူ မြင်နေရသော မြင်ကွင်းကို မမှိတ်မသုန် ကြည့်နေမိပြီး မယုံနိုင်စွာ အံ့သြစွာ မတ်တပ်ရပ်နေရာမှ ထို ရေခဲအိပ်ရာ အနီးသို့ တိုးသွားမိသည်။ ဒီမြင်ကွင်းလေး ပျောက်သွားမှာကို စိုးရိမ်မိသည်။ မြင်နေရတာကိုလည်း မယုံနိုင်စွာ၊ ရင်းအော် သူမက ထိုရေခဲ အိပ်ရာထဲမှာ မျက်လုံးတွေ မှေးမှိတ်ပြီး အိပ်နေ၏။ ငြိမ်းချမ်းစွာ အိပ်ပျော်နေခြင်းက အသက်ရှုရန် ရင်ဘတ်လေး တစ်ချက် တစ်ချက် မို့မောက် လာခြင်းကြောင့် သိသာနေသည်။ သူရယ်မိတာလား၊ ဒါမှမဟုတ် ငိုမိတော့မလား၊ ရယ်ရင်းနဲ့ မျက်ရည်တို့ ကျလာပြီလား၊ သူ မသိတော့ပေ။

~သူမ တကယ် အိပ်နေတာပဲ၊ တကယ့်ကို အေးချမ်းစွာ အိပ်နေတာပဲ၊ ပြီးတော့ သိပ်မကြာခင်မှာပဲ သူမက နိုးလာတော့မယ် သိပ်မကြာခင်~ မင်းက ဒီမှာ လာပြီး အိပ်နေတာလား ရင်းအော်၊ ကိုကြီး မင်းကို လိုက်ရှာနေခဲ့တာ၊ မင်းက အိပ်နေတာလား~ အတွေးထဲမှာ ရယ်လိုက် ငိုလိုက်နှင့် သူ့မျက်နှာက ပြုံးနေလျက်နှင့် ငိုနေတာလည်း ဖြစ်နိုင်သေးသည်။ သူမအနီးသို့ ကပ်သွားမိပြီး အခေါင်းအတွင်းသို့ လက်လှမ်းလိုက်ပြီး သူမ နဖူးလေးကို ပွတ်သပ် ပေးလိုက်မိသည်။ ~မင်းကို ဒီတစ်ကြိမ်တော့ လက်လွတ်မခံတော့ဘူး ရင်းအော်~

'ဒါက ဒါက ဘယ်လို အပြုအမူလဲ ကျိုးရင်း နတ်ဘုရားမကို စော်ကားရာ မရောက်ဘူးလား ဘယ်လိုပဲ အိမ်ရှေ့မင်းသား ဆိုပေမယ့် ဒီလို အပြုအမူက'

'ဟုတ်သားပဲ အိမ်ရှေ့မင်းသား ယီမင်က ဒီလိုတော့ မလုပ်သင့်ပါဘူး'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Donde viven las historias. Descúbrelo ahora