အပိုင်း-၅

3K 290 10
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅)

@@@@@@@@@@@@@@@@@@@@

ဆရာက မြေခွေးမငယ်လေး တစ်ဦးထံမှ မွေးဖွားလာသည်။ သို့သော် ချူချာသေးကွေးသော မြေခွေးငယ်လေးအဖြစ်သာ မွေးဖွားလာ၏။ ဆရာနှင့် မနီးမဝေးမှာနေပြီး ဆရာ့ပုံတွေ ဆွဲလိုက် ပြီးတော့ ထျန်းရန်အနားမှာ နေလိုက်ဖြင့် ဘဝက သာယာနေသည်။ ဆရာက အသက်သုံးရာအထိ ရှင်သန်ပါ့မလားဟု စိုးရိမ်ဖွယ် ရှိသည်။

ထျန်းရန်က မြေခွေးရွာအတွင်းရှိ နတ်မြေခွေး တချို့နှင့် အပေါင်းသင်းလုပ်ကာ သောက်တတ် စားတတ်လာသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အစ်ကိုနှစ်ယောက်ကတောင် သောက်တတ်သေးတာမို့ သူမ ဘာမှမပြောဖြစ်ပဲသူနေသာသလိုနေရန် ခွင့်လွှတ်ထားလိုက်သည်။

ဆရာ၏ မြေခွေးဘဝမှ ကံကုန်ခါနီး တစ်ရက်တွင် ကောင်းကင် မင်းကြီးမှ ထျန်းရန်နှင့်သူမအတွက် မင်္ဂလာကိစ္စကို ဆွေးနွေးမည်ဟု ကမ်းလှမ်းလာသည်။ ကမ်းလှမ်းတာက သဘောမတူညီဖို့သာရှိမှန်း ကျိုးရင်း နားလည်သည်။ ဒီမှာ ဆရာကလည်း ချူချာပြီး နေမကောင်း ဖြစ်နေသောကြောင့် စိတ်မချ ဖြစ်မိ၏။ ပြီးတော့ ထျန်းရန်ကို တလီတိမ်တောင် ခန်းမအတွင်း တခြားတစ်ပါးသော နတ်တွေ လက်ညိုးထိုး ပြောဆိုကြမည်ကို မလိုလား၊ ထို့ကြောင့် ထျန်းရန်ကို မခေါ်သွားပဲ သူမတစ်ဦးတည်း ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပြီး ထျန်းရန်အား ဆရာ့ကို စောင့်ရှောက် စေလိုကြောင်း ပြောရသည်။

'ထျန်းရန် ကောင်းကင်မင်းကြီးက ငါ့ကိုဖိတ်ကြားပြီး ငါတို့မင်္ဂလာကိစ္စကို ဆွေးနွေးမယ် ပြောတယ် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ငါ့သဘောထားကို သိအောင် ရှင်းရှင်းလင်းလင်း သွားပြောမှဖြစ်မယ် မင်းက ငါ့ဆရာကို စောင့်ကြည့်ထားပေးပါ သိပ်မကြာဘူး ရက်နည်းနည်း လောက်ပဲ ကြာမှာ ဒီအတောအတွင်း ဆရာ ဘဝကူးသွားရင်လည်း လိုက်ကြည့်ထားပေးပါ ရတယ် မဟုတ်လား'

ကျိုးရင်းနှင့်သူ၏ ကိစ္စက နတ်လောကတွင် သာမာန်ချစ်ကြိုက်ပြီး ညားသွားသော ကိစ္စလို မလွယ်ကူမှန်း ပိုပြီး သိသာသွားသည်။ သူမနှင့် သူက ပိုပြီး အလှမ်းဝေးမှန်း သူ့ကိုသတိပေးနေသလို ရှိ၏။ သို့သော် အတတ်နိုင်ဆုံး ပြုံးပြလိုက်ကာ

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Tempat cerita menjadi hidup. Temukan sekarang