အပိုင်း-၁၈

2K 233 5
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၈)

@@@@@@@@@@@@@@@@@@@@@

ဆရာ ပြောလိုက်သော အဖြေရှာရန် လူသားတို့ နေထိုင်ရာ သေမျိုးနယ်မြေသို့ ဆင်းလာရသည်။ တွေးတော့တွေးသည်။ အဖြေကတော့ မရ၊

သူ ဘယ်လိုပဲ တွေးတွေး ရင်းအော်က သူ့ညီမလေးသာ၊ ပြီးတော့ သူစောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တစ်ဦးတည်းသောသူ၊ ဆရာ တွေးခိုင်းတာတွေက လွန်နေတယ် ဟုသာ ထင်မြင်မိသည်။ ကြည့်ရတာ ဆရာက သူ့ကို မှားယွင်းပြီး စွပ်စွဲမိပြီ ထင်တယ်၊ လူသားနဲ့ နတ်နဲ့ ဆိုတာက ချစ်ကြိုက်လို့ မရမှန်း သူသိသည်။ ပြီးတော့ ရင်းအော် ကိုလား၊ မဖြစ်နိုင်တာ၊ ချစ်တာတော့ ဘယ်လိုအရာနှင့်မျှ နှိုင်းမရအောင် ချစ်သည်။ ဒါပေမယ့် ညီမလေး လိုမျိုး၊ ပြီးတော့ သူ့အတွက် ဘယ်တော့မှ ကြီးပြင်းလာမှာ မဟုတ်တဲ့ ကလေးငယ်လေးလိုမျိုး၊ ဘယ်တော့မှ စိတ်ချနိုင်မှာ မဟုတ်တဲ့ သူ့လက်ထဲက ကျကွဲသွားနိုင်သော အရာဝတ္ထုတစ်ခုခု လိုမျိုး၊ အထိရှ မခံနိုင်သော တန်ဖိုးကြီး အဆင်တန်ဆာ လိုမျိုး၊ မြတ်နိုးလို့တော့ ဝနိုင်မှာ မဟုတ်ပေ။ သို့သော်

'ဆရာ!! ဆရာက တွေးတာ များလွန်းနေပြီ ဒါလည်း ကောင်းတာပဲ နတ်ပြည်က တစ်ရက် လူ့ပြည်က တစ်နှစ် ဆိုတော့ လေ့လာဖို့ ရှိတာတွေကို အချိန်တိုတိုနဲ့ လေ့လာလို့ ရတာပဲ'

ဆရာ့ကို မတွေ့ရသော်လည်း ကောင်းကင်သို့ မော့ကြည့်ကာ ရေရွတ်ပြောဆိုလိုက်ပြီး

'လုံစမ်း ငါ့အတွက် စာအုပ်တွေ သွားသယ်လာပေးပါ လူ့ပြည်မှာ နေနေတဲ့ နှစ်ရက်ဆိုတဲ့ အချိန်အတွင်း ငါလေ့လာလို့ ရနိုင်သမျှ အကုန်လေ့လာသွားရမယ်'

'အိမ်ရှေ့မင်းသား အမိန့်အတိုင်းပါ'

လုံစမ်း ထွက်သွားတော့မှ သူတွေးမိတာက ဆရာဖြစ်သူ ချီးရှီနတ်မင်း သတိပေးလိုက်သော စကား၊ သူ ညီမလေးကို အမြဲတမ်း စောင့်ရှောက်ချင်သည်။ ဘယ်သူကမှ ထိခိုက်စေဖို့ကို ခွင့်မပြုနိုင်ပဲ သူမလေး စိတ်တိုင်းကျ အားလုံးကို ပြုလုပ်စေလိုသည်။ သို့သော် သူက အိမ်ရှေ့မင်းသား ဆိုသော နာမည်ခံလေးသာ ရှိပြီး ကောင်းကင် နတ်ပြည်တွင် အာဏာ သက်ရောက်မှု အားနည်းသည်။ အရင်ဆုံး သူ့စကား သူ့အာဏာ တည်နေဖို့ လိုအပ်သည်။ သူ ဘယ်လောက် စွမ်းဆောင် နိုင်သလဲ ဆိုတာကို အဘိုးတော် သိဖို့ လိုအပ်သည်။

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now