စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၄)
@@@@@@@@@@@@@@@@@@@@
'သူက ဘယ်သူလဲ'
သားတော်၏လက်ပေါ်မှာ အိပ်ပျော်နေသော မိန်းကလေးငယ်ကို လက်ညိုးထိုးပြီး မေးလိုက်တော့ သားတော်က သူမရှေ့မှာ ထိုင်နေရာမှ မထသေးပဲ သူမလေးကို အရင်ငုံ့ကြည့်သည်။ ပြီးတော့မှ
'သားတော်ရဲ့ လူသား ညီမလေးပါ'
သူပြောလိုက်မှ မယ်တော့် ရင်ဘတ်ကို ဖိလိုက်ပြီး မျက်လုံးတွေ ပြူးဝိုင်းသွားလျက်ဖြင့် အလောတကြီး ဆိုသည်။
'လူသား ညီမလေး!! သားတော် လူသားကို ခေါ်လာတယ် ဆိုတာ နတ်ပြည်မှာ ဘယ်လောက် ကြီးလေးတဲ့ ကိစ္စလဲ သိလား'
'သားတော် သိပါတယ် ဒါပေမယ့် သူက နေမကောင်းတဲ့ ကလေးပါ တစ်ရက်ကို နှစ်နာရီပဲ နိုးလာပြီး ကျန်နေတဲ့ အချိန်တွေ အကုန်လုံး သူက အိပ်နေတာ'
'မွေးကတည်းကလား မင်းသူ့ကို နေ့တိုင်း ဒီလိုပဲ ပွေ့ထားတော့မှာလား တစ်နေရာရာမှာ ပြင်ဆင်ပြီး နေပါစေ လာကြစမ်း!! ဒီမှာ လူသားမိန်းကလေး အိပ်ဖို့ နေရာ ပြင်ဆင်ပေးကြစမ်း!!'
မယ်တော်က ရင်းအော်အား သူပွေ့ထားတာကို မကြည်ဖြူသလို ကြည့်နေပြီးမှ နတ်အစေခံငယ်တို့ကို စေခိုင်းပြီး သူ့ရင်ခွင်အတွင်းမှ ညီမလေးအား ဆွဲထုတ်ရန် ပြင်ဆင်သည်။
'နေပါစေ မယ်တော် သားတော်ရဲ့ နန်းဆောင်မှာပဲ ထားလိုက်ပါ့မယ်'
'မဖြစ်ဘူး သားတော်က အိမ်ရှေ့မင်းသား ပြီးတော့ ကောင်းကင် အကာကွယ် နန်းဆောင် ဆိုတာက အိမ်ရှေ့မင်းသားအတွက်ပဲ ပေါ်လာတာလေ လူသားကို ခေါ်ထားလို့ မရဘူး'
ထိုသို့ သေသေချာချာ ရှင်းပြလိုက်မှ သားတော်က လူသားမလေးကို အိပ်ရာပေါ်သို့ တင်သည်။ ပြီးတော့ ဆံနွယ်တွေကို ကိုယ်တိုင် ဖြီးသင်ပေးပြီးမှ
'သူ့ကို ထိခိုက်စေတာ တစ်ခုခု ဖြစ်ခဲ့မယ် ဆိုရင် သားတော် ဘယ်သူ့ကိုမှ ခွင့်မလွတ်နိုင်ပါဘူး မယ်တော်တို့က သူ့ကို သားတော်နဲ့ ဘာမှလည်း မတော်ပဲနဲ့လို့ တွေးကြမယ် ဆိုတာ သားတော် သိပါတယ် ဒါပေမယ့် သားတော်အတွက် ငယ်စဉ်ကတည်းက တစ်ဦးတည်းသော သွေးသားက ဒီညီမလေး တစ်ဦးတည်းပါပဲ မယ်တော် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် သားတော် လေ့ကျင့်စရာ ရှိနေလို့ ခွင့်ပြုပါအုံး'
KAMU SEDANG MEMBACA
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Fiksi SejarahOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...