စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၆၀)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'အခုချိန်မှာ.. ငါ.. ရေထဲမှာ သေသွားချင်တယ်.. ငါ့ကြောင့်မို့ ဆရာ သေရတယ် ဆိုတာကို ငါ.. အသက်ရှင်ပြီး ခံစားနေရမယ့် အစား ငါသေသွားချင်တယ်'
သူမက နှုတ်ခမ်းတွေကို တင်းတင်းစေ့ပြီး ခပ်တိုးတိုး ဆိုလိုက်သော်လည်း ထိုအသံလေးက သူ့ကို နင့်သီးရင်နာခြင်းအား ဖြစ်နေခဲ့၏။
'ရင်းအော်!!..'
သူ စိုးရိမ် စိတ်ပူစွာ သူမအား ဆွဲဖက်ထားလိုက်မိ၏။
~မင်း အဲ့လိုတွေ မတွေးလိုက်ပါနဲ့ ရင်းအော်.. ကျေးဇူးပြုပြီး.. ငါ့ကို ချန်ထားခဲ့ဖို့ မတွေးလိုက်ပါနဲ့ ရင်းအော်..~
သူမကိုယ်လေးအား ပိုမိုတင်းကျပ်စွာ ပွေ့ပိုက် ထားမိပြီးမှ..
'ရင်းအော်.. ဘယ်လို အရေးကိစ္စပဲ လုပ်ဖို့ ရှိရှိ မင်းဆန္ဒကို ငါက ဘယ်တော့မှ လျစ်လျူ မရှုဘူး .. အဲ့တာကြောင့်.. မင်း ငါ့ကို ကတိတစ်ခု ပေးပါ..'
သူ့ရင်ခွင်အတွင်းမှ သူမက ရုန်းထွက်လိုက်ပြီးလျှင်..
'မင်းပြောကြည့်!!..'
'ဘယ်လောက်သေးငယ်တဲ့ အရေးကိစ္စပဲ ဖြစ်ဖြစ် ဘယ်လောက် ကြီးမားတဲ့ အရေးကိစ္စပဲ ဖြစ်ဖြစ် မင်းအတွက် ငါ ဖြေရှင်းပေးနိုင်ပါတယ်.. ငါ့ကို မပြောပြပဲ ဘာမှ မလုပ်ပါနဲ့.. ကြားလား..'
သူ့အသံက တိုးဖျော့နေကောင်း တိုးဖျော့နေနိုင်ပါသည်။ သို့သော် သူမတော့ ကောင်းကောင်း ကြားလောက်သည်။ သူမကတော့ သူပြောလိုက်တာကို မဖြေပဲ..
'ငါ့ဆရာကို ဂါရဝပြုမယ်.. တကယ်လို့ ဆရာ့ရဲ့ ဝိဉာဉ်တစ်ပိုင်းလောက် ရှိသေးတယ် ဆိုရင်တောင် ငါ.. လက်မလျှော့ဘူး..'
'ရင်းအော်.. ကောင်းပြီ မင်းရဲ့ သဘောအတိုင်းပါ..'
အစက တားမြစ်ဖို့ ပြင်လိုက်သော်လည်း လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် မျှော်လင့်ချက် တစ်ခုလောက်တော့ ရှိပြီးမှ ရှင်သန်မှုကို ရွေးချယ်နိုင်မည် ဆိုတာကို သဘောပေါက်ဖူးပြီးသားမို့.. သူ ခေါင်းညိတ်လက်ခံလိုက်၏။ သူမက တောင်သမုဒ္ဒရာသို့ သွားကာ ဆစ်ကျီနတ်မင်းအား ဂါရပြုမည်ဟု ဆိုတော့လည်း သူပါလိုက်လာပေးခဲ့၏။ ဒီအချိန်တွေ အတွင်းမှာ သူမကိုယ်တိုင်အား.. သူမဖာသာ ဒဏ်ရာရစေသော အပြုအမူတွေကို မပြုလုပ်မိစေရန် အနီးကပ် စောင့်ကြည့် နေမိခြင်းလည်း ဖြစ်၏။ သို့သော် သူ ထင်ထားမိတာထက် သူမက ပို၍ ပါးနပ်လေသည်။သူမကိုယ်တိုင်၏ သေဆုံးမှုထက် သူမဆရာ၏ ရှင်သန်လာမှုကို ပို၍ ကြိုးစားနေ၏။
KAMU SEDANG MEMBACA
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Fiksi SejarahOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...