စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၂)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရင်းအော်.. အိပ်နေရာမှ နိုးလာတော့ ဆရာက ရင်းအော် နဘေးရှိ စားပွဲခုံအပုလေးကို လက်ဖြင့် ထောက်ထားပြီး.. မျက်ဝန်းတွေကို မှေးမှိတ်ထား၏။ ရင်းအော် အိပ်နေတာက တလင်းဂူထဲမှာပါ ဘယ်လိုလုပ်ပြီး ဆရာ့နန်းဆောင်ထဲကို ရောက်နေတာလဲ..၊ နားမလည်နိုင်သလို တစ်ချက် ဝေ့ကြည့်ပြီးမှ.. ထရပ်လိုက်ပြီး.. နန်းဆောင်အပြင်သို့ အရောက်တွင်.. လက်တွေကို ဖြန့်ကြည့်လိုက်ပြီး.. ဝှေ့ယမ်းလိုက်ရာ.. ပန်းတွေက အိပ်နေရာမှ နိုးလာကာ ပွင့်လန်းသွားတော့ သဘောတကျ ဖြစ်ပြီး ပြန်ဖို့ကို ခြေလှမ်းပြင်လိုက်တော့..
'ရင်းအော်..'
'ဆရာ.. နိုးလာပြီလား.. ရင်းအော်ကို ဆရာ နန်းဆောင်ထဲမှာ ခေါ်ထားတာလား..'
'မင်း အသက်လည်း မငယ်တော့ဘူး.. ဒီအရွယ်မှာမှ အိမ်ထောင်မပြုဘူး ဆိုရင်.. ဘယ်အချိန်ထိ နေနေအုံးမှာလဲ မင်းရဲ့စွမ်းအားကို လက်ဆင့်ကမ်းဖို့ လိုအပ်နေပြီ..'
'ဆရာ!!..'
'ဒီတစ်ကြိမ် မင်းထပ်ပြီး အိပ်ချင်တယ် ဆိုရင် အိမ်ထောင်ပြု ကလေးမွေးပြီးမှ အိပ်ပါ..'
'အာ..'
ဆရာ့ရှေ့သို့ ချက်ချင်း ရောက်သွားမိပြီး.. ဆရာ့ကို တအံ့တသြ မော့ကြည့်မိကာ..
'ဆရာ.. နတ်ဆေးဆရာ ခေါ်ပေးရမလား..'
ခေါင်းလေးငုံ့လိုက်ပြီး ခပ်တိုးတိုး ဆိုတော့ ဆရာ့ရဲ့.. ဒေါသပါသော မျက်လုံးက ဝင့်ခနဲ..၊ ရင်းအော် ချက်ချင်း ခေါင်းငုံ့သွားမိသည်။ ပြီးတော့မှ မျက်နှာလွဲလိုက်ပြီး..
'ဆရာလည်း သေချာ သိနေတာပဲ ရင်းအော်က.. ဆိုးဝါးတဲ့ နတ်တစ်ပါးလေ.. ဘယ်နတ်သားက အနစ်နာခံပြီး ရင်းအော်ကို ယူမှာလဲ.. ရင်းအော် သူများကို ဒုက္ခမခံခိုင်း စေချင်ပါဘူး..'
'မင်းမှာ အစ်ကိုနှစ်ယောက် ရှိပေမယ့် မင်းအစ်ကိုကြီးက သူ့ကိစ္စနဲ့သူ ရှုပ်ထွေးနေတယ် ဆိုတော့ မင်းကို မိဘနေရာမှာ နေရာယူပြီး မင်းအတွက် အိမ်ထောင်ဖက် ရှာဖို့ မေ့လျော့နေတယ် ပြီးတော့ ကျိုးလျန်က မင်းကို ကူညီပြီး ရွေးချယ်ပေးနိုင်မှာ မဟုတ်ဘူး.. ငါက မင်းရဲ့ဆရာ ဆိုတဲ့ နေရာကို ယူထားတော့ မင်းအတွက် အိမ်ထောင်ဖက်ကောင်း တစ်ယောက်တော့ ရှာပေးသင့်တယ် မဟုတ်လား.. မင်းရဲ့စိမ်းစမ်းပြာအိုင်မှာ ကြင်ရာရွေးပွဲ စီမံပေးရမလား.. ကောင်းကင်မင်းကြီးရဲ့ သားတော် နတ်မင်းသားကိုးနဲ့ တွေ့ဆုံမလား..'
KAMU SEDANG MEMBACA
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Fiksi SejarahOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...