အပိုင်း-၄၀

2.3K 242 8
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၀)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ထပ်ပြိုင်ကြမယ်.. ဒါပေမယ့် ငါနဲ့!!..'

ယီမင်၏ အကြည့်တို့က သူမမျက်နှာထက်မှာ စူးစိုက်သွား၏။ ကျိုးလျန် ညီမလုပ်သူကို ကမန်းကတမ်း လှမ်းဆွဲလိုက်သော်လည်း.. သူမက မိုးထိ တောင်ထိပ်သို့ ပျံတက်သွားလေပြီ။

~မနေ့တစ်နေ့ကပဲ ယီမင်ကို သူမက ရိုက်နှက်ထားပြီးတော့..~

ဆစ်ကျီကို လှမ်းကြည့်လိုက်တော့.. မျက်မှောင်ကုတ်ထားပြီး ဘာမှ ဝင်မတား..၊ လုချီက ချက်ချင်း ပြောင်းလဲ သွားသော အခြေအနေကို နားမလည်နိုင်စွာ ကြောင်အအ ဖြစ်နေ၏..၊

~အိမ်ရှေ့မင်းသားကို နိုင်ဖို့က ဒီလောက်အရေးကြီးနေတာလား..~

ချင်းလီက ထိုင်နေရာမှ ထရပ်လိုက်ကာ.. သားတော်အား စိုးရိမ်စွာ လှမ်းကြည့်နေမိသည်။ ဖူချန့်က.. သက်ပြင်းကို ခပ်ဖွဖွ ချလိုက်ပြီးမှ..

'မင်အော်.. မင်းက ပထမကြင်ရာတော် အဖြစ် ဒေါ်လေးရဲ့ တူမတော်ကို လက်ခံလိုက်တာ မှားတာပဲ.. နောက်တော့ မင်းက အိမ်ရှေ့မင်းသားမို့.. နောက်ထပ် ကြင်ရာတော်တွေကို လက်ခံရမယ်.. အဲ့တာက လော့အော်ကို ပစ်ပယ်တယ်လို့ သတ်မှတ်ပြီး.. မင်းကို ဒေါ်လေးက အမြင်ကြည်တော့မှာ မဟုတ်ဘူး.. သတိထား မြေးတော်..'

@@@@@@@@@@@@

ဖူချန့်က သတိထားဟု ခပ်တိုးတိုး ဆိုသော်လည်း.. ယီမင်က မိုးထိတောင်ထိပ် ပေါ်သို့ လိုက်သွားသည်။ ရင်းအော်နှင့် မလှမ်းမကမ်းမှာ ရပ်တန့်လိုက်ပြီးလျှင်..

'ရင်းအော်.. ငါက တိုက်ခိုက်ရေးမှာ ရှုံးလို့ မရဘူး.. လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက သတ်မှတ်ချက် ရှိတယ်.. ငါက တစ်ယောက်ယောက်ကို ရှုံးသွားရင် အဲ့ဒီသူက.. ကောင်းကင်မင်းကြီးရဲ့ နေရာကို ဆက်ခံခွင့် ရသွားမှာ..'

ရင်းအော်က ဆံပင်မှာ ထိုးစိုက်ထားသော ဆံထိုးကို ဖြုတ်ယူလိုက်တော့ သူမ၏ လက်တွင် ကြာပွတ်ငယ်က နေရာယူသွား၏။

~ရင်းအော်က.. တကယ်ပဲ ငါ့ကို အနိုင်ယူချင်နေတာပဲ.. ဒါက ရှောင်လွဲဖို့ ခက်သွားပြီ..~

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Donde viven las historias. Descúbrelo ahora