အပိုင်း-၃၉

2.3K 231 8
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၉)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လုချီ ရင်းရင်း၏ အနောက်မှ လိုက်လာပြီးတော့.. နားမလည်စွာ ဖြစ်နေမိသည်။ ခုနတုန်းကပဲ အချစ်ဦးကို အပြတ်ဖြတ်ခဲ့လို့ ဝမ်းနည်း နေတာ သနားစဖွယ်လေး..၊ အခုကျတော့.. တလီယီမင်ကို အရှင်မထားလိုသော အပြုအမူတွေနဲ့..၊ သူကပဲ လိုက်မမှီတာလား ရင်းရင်းကပဲ အပြောင်းလဲ မြန်နေတာလား..၊ အမေရေ လုချီတော့ လူပေါင်းမှားပါပြီ။ လုချီ၏ အတွေးတို့က ထိုသို့..၊

@@@@@@@@@@@

ကောင်းကင် နန်းတော် အတွင်းသို့ ပြေးဝင်လာပြီးမှ ရင်းအော် ခြေလှမ်းတွေ ရပ်သွား၏။။ နေပါအုံး..၊ သူက ကောင်းကင် နန်းတော်ရဲ့ အိမ်ရှေ့မင်းသား..၊ သူ့နန်းဆောင်ရှေ့မှာ သွားအော်လို့ သင့်တော်မှာ မဟုတ်ဘူး..၊ အရင်ဆုံး ဒီကိစ္စကို သေချာ တွေးရမယ်..၊ ပြီးမှ သေချာ ပညာပေးရမယ်..၊ ဟုတ်သားပဲ.. မနက်ဖြန်မှာ သူနဲ့ လုချီနဲ့ တိုက်ခိုက်ရေးပွဲ ရှိတာပဲ.. သူက အခုထိ ဘယ်နတ်ကိုမှ မရှုံးဖူးသေးဘူးလို့ ကြားထားတယ်.. ဒီပွဲမှာ သူ ရှုံးသွားရင်.. အနည်းဆုံးတော့ နှစ်ကိုးရာလောက် ထိန်းသိမ်းထားခဲ့တဲ့ သူ့ရဲ့ သိက္ခာကို ထိပါးသွားမှာပဲ..၊ အဲ့တာပြီးမှ ငါဖြစ်စေချင်သလိုမျိုး သူ့ကို ဒုတိယကြင်ရာတော် လက်မခံအောင် ပြောဆိုရမယ်..၊ ဒါဆို ငါ အခု ဘာလုပ်ရမလဲ..၊ ဆရာ့ကို သွားတွေ့ရမလား..၊ မဟုတ်သေးဘူး အဲ့ဒီတလီချင်းဖုန်းနဲ့ တွေ့ဖို့ကို ဆရာက လက်မလျော့ရသေးဘူး ဆိုရင် ရင်းအော်က လက်လျော့ရဖို့ပဲ ရှိတော့မည်။ ဆရာ့ဆီသွားလို မဖြစ်ဘူး..၊ ကောင်းကင်နန်းတော်မှာ.. နောက်ထပ် ဘယ်နန်းဆောင်ကို သွားရင် ကောင်းမလဲ..၊ ဖူချန့်.. ဟုတ်သားပဲ ချန့်အော် ရှိသေးတာပဲ..၊ ချန့်အော်ဆီ သွားမယ်..၊

'မင်း ဒီမှာ နေခဲ့မှာလား.. ငါ့နောက်လိုက်လာမှာလား..'

'ငါလိုက်လာလို့ မရတဲ့ နေရာကို သွားမှာမို့လား..'

'မဟုတ်ဘူး.. ကောင်းကင်မိဖုရားကြီးဆီ ခဏသွားမလို့..'

လုချီက ခြေလှမ်းတွေပါ ရပ်ပစ်လိုက်ပြီး..

'ကောင်းကင်မိဖုရားကြီး.. မင်း နောက်နေတာလား.. ကောင်းကင်မင်းကြီးက မိဖုရားကြီး နန်းဆောင်မှာ အစောင့်တောင် ယောကျာ်းလေးမထားတာ ငါ့မှာ ဝိဉာဉ်တစ်ခုပဲ ပါတယ် မင်းပဲ သွားတော့..'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now