အပိုင်း-၃၇

2.3K 240 4
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၇)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ဒီတစ်ကြိမ်တော့ ငါလည်း မင်းကို တားဆီးရလိမ့်မယ် ရင်းရင်း.. အခု မင်း စိမ့်စမ်းပြာအိုင်ကို လိုက်လာရမယ်.. မင်းမလိုက်လာရင်.. ယီမင်.. သူ.. အိမ်ရှေ့မင်းသား တလီယီမင် သေသွားလိမ့်မယ်!!..'

'ဟင်!!..'

မလိုလားစွာ တားဆီးလိုက်သော အစ်ကိုကြီး၏ အသံ..၊ အနောက်မှ အလောသုံးဆယ် ရောက်လာသော အစ်ကိုနှစ်၏ သတိပေးသံ..၊ ရင်းအော်အတွက် အရာအားလုံးက မှုန်ဝါးဝါး..၊ ခြေလှမ်းတွေကလည်း ခနော်ခနဲ့..၊ အသိတရားတို့ကလည်း ယိုင်နဲ့နေခဲ့လျက်..၊
ကျိုးလျန် လဲကျတော့မလို ယိုင်နဲ့နေသော ညီမလုပ်သူကို ဖမ်းထိန်းလိုက်ပြီး.. သူမလက်ထဲက ကြာပွတ်ငယ်ကို အရင် လှမ်းယူလိုက်ရသည်။ ပြီးမှ..

'ရင်းရင်း.. မင်း ဘယ်လိုဖြစ်ပြီးတော့ သူများကို ရိုက်နှက်ပြီး အရက်သောက်နိုင် ရတာလဲ.. အစ်ကိုကြီး.. ပင်းပင်းကို အရင် ပုန်းနေခိုင်းလိုက်ပါ သူ့ကို ခေါ်သွားတော့မယ်..'

စိမ့်စမ်းပြာရေအိုင်သို့ ရင်းအော်ကို ခေါ်ယူလာပြီးမှ.. အိမ်ရှေ့မင်းသားကို သွားကြည့်တော့ ရေစည်ထဲမှာ မျက်လုံးတွေ မှေးမှိတ်ထား၏။ စမ်းကြည့်လိုက်တော့ အလွန်အမင်း အားနည်းနေပြီး ဒီဒဏ်ရာကို တောင့်ခံနိုင်ဖို့ နတ်စွမ်းအားတောင် လျော့ကျနေပြီ။ ဒါနဲ့များ ရင်းအော်ကို သွားမခေါ်ပါနဲ့တဲ့..၊
အနားမှာ ဖုန်းယွဲ့က ရေပုံးကိုင်ပြီး အိပ်ငိုက်နေ၏။ သူမလေး နဖူးမှ ချွေးစတို့တောင် ထွက်နေသည် ဖြစ်ရာ ကျိုးလျန် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွား၏။ သို့သော် ရင်းအော်က ထိုမြင်ကွင်းကို မြင်ရဲ့လား မမြင်ဘူးလား..၊ မျက်လုံးတွေက ရီဝေဝေ ဖြစ်နေဆဲ..၊ ထို့ကြောင့် ရင်းအော်ကို ယီမင်၏ ရေစည်နားမှာ ချလိုက်တော့ သူမက ရေစည်ကို မှီရင်း မျက်လုံးတွေ မှေးမှိတ်ချင်နေပြီ။

'ဖုန်းယွဲ့.. ယီမင်ကို ရေဘယ်နှစ်ခါ လဲပေးပြီးပြီလဲ..'

'ဟမ်!!.. ကျိုးလျန် နတ်မင်း ရှင် ပြန်လာပြီလား.. ရေတွေက မီးခိုးရောင် ဖြစ်သွားလို့ ရေလဲတာ သုံးခေါက်ရှိပြီ.. ယီမင်.. သူ ဘယ်လို ဖြစ်သွားမှာလဲ..'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now