အပိုင်း-၁၆

2.3K 254 2
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၆)

@@@@@@@@@@@@@@@@@@@@@

ရင်းအော်!!၊ တီးတိုးခေါ်သံက ရင်ထဲမှာပျံ့သွား၏။ စိမ့်စမ်းရေပြာအိုင်မှာ အိပ်နေတဲ့သူက ဘယ်လိုလုပ်ပြီး ကောင်းကင်အကာကွယ် နန်းဆောင်ထဲကို ရောက်နေရတာလဲ၊ ဒါ ဘယ်လိုမှမဖြစ်နိုင်တာ၊ မျက်မှောင်ကုတ်သွား၏။ ပြီးတော့ အနည်းငယ် စိတ်လောသွားမိလျက် ရင်းအော် အနားသို့ တိုးသွားဖို့ ပြင်လိုက်ရာ အိမ်ရှေ့မင်းသား ယီမင်က ဆစ်ကျီနတ်မင်း၏ လက်ကို လှမ်းဆွဲလိုက်မိသည်။

'ဆစ်ကျီနတ်မင်း သူက လူသားဆိုပေမယ့် မိန်းကလေးပါ အိပ်နေတဲ့ အချိန်ဆိုတော့ မသင့်တော်ပါဘူး'

မယဉ်ကျေးဘူး ထင်လျှင်လည်း မတတ်နိုင်တော့ ဆစ်ကျီနတ်မင်း၏ မျက်နှာက အကဲခတ်ရ ခက်ခဲပြီး တွေဝေနေတာကို ထူးဆန်းသလို ဖြစ်မိသော်လည်း နတ်မင်း ဆစ်ကျီက သူ့ကို လှမ်းကြည့်လာပြီး တိကျပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။

'သူ့နာမည်က ဘာတဲ့လဲ'

'ဟန်ရင်းရင်း'

'ဟန်ရင်းရင်း ဟုတ်လား သူမက လူသားလား ဘယ်လို ဖြစ်နိုင်မှာလဲ'

'သူက သေချာပေါက် လူသားပါပဲ'

'သူက တစ်ယောက်ယောက်နဲ့ တူလွန်းတယ် ဒါပေမယ့် သူ့ဝိဉာဉ်က အားနည်းနေတဲ့ လူသားဝိဉာဉ်ပါပဲ ဝိဉာဉ်တွေကို ဘယ်လို အားပြန်ဖြည့်ရမလဲ ဆိုတာကို ငါတော့ နားမလည်ဘူး စိမ့်စမ်းပြာရေအိုင်က နတ်မင်းမှပဲ သိနိုင်မှာ ကျိုးလျန်က လျှောက်သွားနေတာ ဆိုတော့ မင်းတွေ့ချင်ရင် ငါ ဆစ်ကျီ ကျိုးလျန် နတ်မင်းကို ခေါ်လာပေးမယ်'

'ဆစ်ကျီ နတ်မင်း အကြံပေးတာ ကျေးဇူးတင်ပါတယ် ယီမင် လိုက်မပို့တော့ဘူး'

ခုနတုန်းက ဆစ်ကျီနတ်မင်း ဖြစ်ပျက်သွားတာကို ပြန်တွေးကြည့်တော့ ရင်းအော်ကို တွေ့ပြီးမှ အလန့်တကြား အနားသို့ တိုးကပ်သွားချင်တာတွေ၊ ဘာဖြစ်တာလဲ၊ နတ်မင်းတွေက လှတယ် ဆိုတဲ့ လူသားမိန်းကလေးတွေကို မတွေ့ဖူးလို့လား၊ ထိုသို့ တွေးလိုက်မိသည်နှင့်အတူ သူမ မျက်နှာလေးကို ငုံ့ကြည့်လိုက်မိသည်။ မို့ခြင်းမောက်ခြင်း ကင်းသော နဖူးပြေပြေလေးမှအစ၊ မှေးမှိတ်ထားသော မျက်လုံးဝိုင်းဝိုင်းလေးက သစ်အယ်သီးလေးလို၊ ပြေသွယ်ဆင်းကျနေသော နှာတံချွန်ချွန်လေးက တစ်မူထူးသည့်အပြင် လေးကိုင်းသဏ္ဍာန် မာနကြီးနိုင်သော အထူအပါးညီညာသည့် နှုတ်ခမ်းတို့က ပန်းနုရောင် ဖြူဖျော့နေသော်လည်း လှပနေမှုအား ထိခိုက်ဖွယ်ရာ မရှိနိုင်ပေ။

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now