စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၆)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'သုံးလ သုံးလအတွင်း ခွဲခြားလို့ ရတဲ့ ဒီဝိဉာဉ်ခွဲတာကို သူ လေ့ကျင့်နေတာ.. နှစ်တစ်သိန်း နီးပါး ရှိနေပြီ.. ကျိုးလျန်..'
ဆစ်ကျီ ပြောလိုက်တာကို ကျိုးလျန် မျက်မှောင်ကုတ်သွား၏။ ပြီးမှ.. မဆိုင်းမတွပဲ..
'ဆစ်ကျီ မင်းက.. ဝိဉာဉ်တွေကို ခွဲခြားနိုင်ဖူးတာလား..'
ဆစ်ကျီက ခေတ္တမျှ တိတ်ဆိတ်သွားပြီး.. အဝေးသို့ ငေးလိုက်ကာ.. ရုတ်တရက် ပြောလိုက်တာက..
'ကောင်းကင်ညီလာခံမှာ.. မင်းနဲ့လက်ဆက်ဖို့ ဖုန်းယွဲ့က တောင်းဆိုတယ်..'
'ဘာ!!.. ဒီကောင်မလေး..'
ကျိုးလျန်လက်အတွင်းမှ ယပ်တောင်ငယ်လေးက.. သစ်ပင်အောက်သို့ လေအဝှေ့မှာ ဝေ့ကာ ဝိုက်ကာ ကျဆင်းသွား၏။ ထိုအရာကို ကျိုးလျန်က သတိမထားမိသေးပဲ.. ဆစ်ကျီ ပြောလာမည့် စကားတချို့ကို မျှော်လင့်နေသည်။
'ကောင်းကင်မင်းကြီးက မျက်နှာတွေ မည်းလာပြီး ဖုန်းယွဲ့ကို လျှပ်စီးသုံးချက် အပြစ်ပေးခဲ့တယ်.. မင်းသိတာပဲ ကျိုးလျန် လျှပ်စီးသုံးချက်က ငါတို့လို နတ်ဘုရားတွေ အတွက် အဖြစ်သည်းဖို့ မလိုပေမယ့်.. ဖုန်းယွဲ့လို နတ်သူငယ်အဆင့်ပဲ ရှိသေးတဲ့ နတ်ငယ်လေးကတော့.. သွေးတောင်အန်ကျလာတယ်.. ဒါကို သူက လက်မလျှော့ပေးပဲ မင်းဆီကို ပို့ပေးဖို့ ထပ်တောင်းဆိုခဲ့တယ်..'
'ငါ သူ့ကို သွားကြည့်မယ်..'
ကျိုးလျန်က ထိုင်နေရာမှ ထရပ်လိုက်တော့.. ဆစ်ကျီက.. ကျိုးလျန်အား အလွန်းအမင်း အကဲပိုသည်ဟု ဆိုချင်သော မျက်လုံးတို့ဖြင့် ကြည့်လာကာ..
'နောက်တော့ ကောင်းကင်မင်းကြီးက.. သူ့ကို နတ်ဆိုးတွေ ချုပ်နှောင်တဲ့ နန်းဆောင်မှာ ပိတ်လှောင်ထားလိုက်တယ် အခုတော့..'
'ထပ်မပြောနဲ့တော့..'
ထိုစကားက ကျိုးလျန် သူ့အနားက မပျောက်ကွယ် သွားခင် နောက်ဆုံး ပြောခဲ့သော စကား ဖြစ်၏။ ကျိုးလျန် သွားလိုက်ပြီ ဆိုမှ.. ကျကျန်နေခဲ့သော ကျိုးလျန်၏ ငှက်မွှေးယပ်တောင်လေးကို.. ကောက်ယူလိုက်ပြီး..
ESTÁS LEYENDO
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Ficción históricaOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...